2/13/2010
မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့တွင် ယခုလ ၁၁ ရက်နေ့မှ စတင်ပြီး ကြွပ်ကြွပ်အိတ် မသုံးစွဲရဟု အာဏာပိုင်များမှ အမိန့်ထုတ်ပြန် ထားကြောင်း မောင်တောမြို့မှ ရယက ဥက္ကဌ တဦးကပြောသည်။
"ကျွန်တော်တို့ ရယက ဥက္ကဌတွေဆီကို မြို့နယ်က အမိန့်စာ ဝင်လာပါတယ်။ စာထဲမှာ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စပြီးတော့ ကြွပ်ကြွပ်အိတ် သုံးစွဲခွင့်မရှိတော့ဘူး။ ရပ်ကွက်အလိုက် လူထုတွေကို အဲဒီအိတ်တွေ မသုံးရတော့ဘူးဆိုတာ အသိပေးထားရမယ်လို့ ပြောပါတယ်။ ဈေးဆိုင်တွေ၊ လဖက်ရည် ဆိုင်တွေက အစ အသုံးပြုတဲ့ အိတ်ငယ်၊ အိတ်ကြီးတွေကို သုံးခွင့်ကို တားမြစ်တယ်။ ပြည်နယ်က တိုက်ရိုက် ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။"
ကြွပ်ကြွပ်အိတ် ဆက်လက် ရောင်းချသူများကို တွေ့ရှိပါက အရေးယူမည်ဟု သတိ ပေးထားသည်ဟုလည်း သိရသည်။
မောင်တောမြို့မှ လက်ဘရည်ဆိုင်ရှင်တဦးက ကြွပ်ကြွပ်အိတ်များ တားမြစ်ထားကြောင်းကို ယခုကဲ့သို့ ပြောသည်။
"ရပ်ကွက် အာဏာပိုင်တွေက လာပြီးတော့ ပြောသွားပါတယ်။ ဟိုတနေ့က စပြီးတော့ ကြွပ်ကြွပ်အိတ်ကို မသုံးရတော့ဘူး။ အထက် လူကြီးတွေက အမိန့်ထုတ်ထား တာလို့လည်း ပြောပါတယ်။ လောလောဆယ်တော့ အခက်ကြုံနေရတာက လက်ဘရည်ဆိုင်မှာ ပါဆယ် လာဝယ်တဲ့သူတွေကို ထည့်ပေးမယ့် အိတ် မရှိဘဲ ဖြစ်နေတာပါဘဲ" ဟု နိရဉ္စရာသို့ ပြောသည်။
အဓိအားဖြင့် လက်ဘရည်ဆိုင်များ၊ ဈေးဆိုင်နှင့် လူအများ သုံးစွဲနေသော ကြွပ်ကြွပ်အိတ် အိတ်ငယ်များကို သုံးစွဲခွင့် မပေးတော့ခြင်း ဖြစ်ကြောင်း မယက ဝန်ထမ်းတဦးက ပြောသည်။
"ကြွပ်ကြွပ်အိတ်ကို ပိတ်ပင်လိုက်တာ ဟုတ်ပါတယ်။ ဒါပေမယ့် အဓိက ကတော့ လဖက်ရည် ဆိုင်တွေနဲ့ ဈေးဆိုင်တွေမှာ သုံးစွဲတဲ့ ကြွပ်ကြွပ်အိတ်ငယ်တွေကို အဓိကတားမြစ်တာပါ။ ရောင်းခွင့်လည်း မပြုတော့ဘူး၊ သုံးခွင့်လည်း မပြုတော့ဘူး။ မြို့ပေါ်နေရာအနှံ့မှာ အမိန့်စာတွေ ကပ်ထားပီးပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ကြွပ်ကြွပ်အိတ်နဲ့ ထည့်လာတဲ့ ရေနွေးဖြစ်ဖြစ် လက်ဘရည်ပဲဖြစ်ဖြစ် ဒါကိုသောက်လို့ရှိရင် အသဲကင်ဆာတို့ ဖြစ်တတ်တယ် လို့ သိရပါတယ်။ နောက်အကြောင်း အရင်းတွေလည်း ရှိမယ်ထင်ပါတယ်။ အတိကျတော့ မပြောတတ်ဘူး။"
ယခုကဲ့သို့ ကြွပ်ကြွပ်အိတ်များ သုံးစွဲခွင့်ကို ရခိုင်တပြည်နယ်လုံးတွင် ပိတ်ခြင်းဖြစ်သည်ဟုလည်း ပြည်တွင်းမှ ပေးပို့သော သတင်းတပုဒ်အရ သိရသည်။
AWU ၏ လုပ်ငန်းစဉ်အချို့
Sunday, February 14, 2010
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊