မဲဆောက်မြို့နယ် ကျေတခို့ရွာတွင် ပန်းရံအလုပ်လုပ်ကိုင်နေသော ရခိုင်အလုပ်သမားတဦးအား လုပ်ငန်းရှင်မှ ဓါးဖြင့် ခုတ်ခဲ့သည်၊၊ ၄င်းအပြင်အခန်းသို့ပြန်မလာရသည့်အပြင် သူ၏မိန့်မကိုလည်း ဘယ်မှမသွားနိုင်အောင် အခန်းတွင်ချုပ်နှောင်ထားခဲ့သည်၊၊ခုတ်ခံရသော သူ မောင်လှရွှေ မှာ ရခိုင်ပြည်၊
မင်းပြားမြို့နယ်မှ ဖြစ်ပြီး ၄င်းဒေသတွင် လက်ရှိ လုပ်ငန်းရှင်နှင့် အလုပ်လုပ်နေတာ ၂ နှစ်ရှိနေပါပြီ၊၊
လုပ်ငန်းရှင် အကျော် မှာလည်း မြန်မာပြည် ၊ ပျဉ်းမနား မှဖြစ်သည်၊၊ ယခုလ ၆ ရက်နေ့ည ၈း၀၀ နာရီခန့်တွင် ကိုမောင်လှရွှေ နှင့် သူငယ်ချင်း ၄ ယောက် ညဈေးတွင် ဈေးသွားဝယ်စဉ် သူနှင့်ပါလာသော ကိုသက်နိုင်ကို လူစိမ်း အုပ်စု တခုက ၀င်ပြီးပြဿနာရှာစဉ် ကို မောင်လှရွှေမှ လုပ်ငန်းရှင် အကျော်ထံသို့ဖုန်းဆက်တိုင်တန်းခဲ့သည်၊၊
သို့သော် အကျော် က ဂရုမစိုက်သညိ့အပြင် ဆဲဆိုခဲ့သည်၊၊ ၄င်းနောက် သူအိမ်ကို ပြန်လာသောအခါ အကျော်နှင့် သူမိန့်မတို့က သူအား ဓါးဖြင့် ၀ိုင်းခုတ်ခဲ့ရာထွက်ပြေးလွတ်မြောက်သွားသော်လည်း ခေါင်းမှာ ဒါဏ်ရာရှိခဲ့ပါသည်၊၊ ထိုကြောင့် AWU သို့ တိုင်ကြားလာသောကြောင့် AWU မှ တာဝန်ရှိသူများမှ ထိုနေရာ သို့သွားကာစုံစမ်းလေ့လာပြီးနောက် သူတို့၏အခန်းသို့သွားခဲ့သည်၊၊ ထိုစဉ် လုပ်ငန်းရှင်အမျိုးသမီးမှ သူယောက်ျား ကိုဖုန်းဆက်ခေါ်ရာ ရောက်လာသောအခါ လုပ်ငန်းရှင်မှ awu တာဝန်ရှိသူများကို ဓါးဖြင့် ခုတ်ရန်ပြင်ခဲ့သည်၊၊ သို့သော်လည်း သူတို့က သူတို့ဒီကိုလာတာဟာ ပြဿနာတွေ ဆက်မဖြစ်စေရန်နှင့်ဖြစ်ပြီးသွားသောအရာများကို မြန်မာပြည်သားအချင်းချင်းတယောက်ယောက်ကို မနစ်နာစေရန်ရည်ရွယ်ပြီး အေးအေးဆေးဆေးလာရောက်ဆွေးနွေးတာဖြစ်ပါတေဟု သေချာရှင်းပြပြီးမှ သူလက်ထဲက ဓါးရှည်ကိုအောက်သို့ချလိုက်ပါသည်၊၊ ထိုနောက် သူတို့၏ လုပ်ဖေါ်ကိုင်ဖက် ပုလိပ်ကို စကားအမျိုးမျိုးပြောကာ တိုင်တန်းခဲ့သည်၊၊ ထို့နောက် ပုလိပ်တွေ ကားတွေ၊ ဆိုင်ကေ နှင့်ရောက်ရှိလာပြီး AWU တာဝန်ရှိသူများကိုမေးမြန်းပြီး ၄င်းပြဿနာကို စခန်းတွင်ဖြေရှင်းကြရအောင်ဆိုပြီးကျေတခို့စခန်း သို့ခေါ်ဆောင်သွားခဲ့ပါသည်၊၊ ၄င်းနောက် KYO နှင့်ပူးပေါင်းပြီး ဖြေရှင်းသောကြောင့် မောင်လှရွှေ၏ မိန့်မနှင့် ပစ္စည်းကိုပြန်ရခဲ့ပါသည်၊၊ သို့သော်လည်း သူရရန်ရှိသောလုပ်အားခကို ပုလိပ်ကိုအားကိုးနှင့် ဟိုနေ့ပေးမည် ဒီနေ့ပေးမည် ဆိုပြီး အမျိုးမျိုးလိမ်လှည့် နေပါသည်၊၊ ၄င်းအကျော်သည် အခုလိုမျိုး ပုလိပ်အားကိုးနှင့် တခြားသော အလုပ်သမားများစွာကိုလည်း အလုပ်သာခိုင်းပြီး လုပ်အားခမပေးတာဟာ များစွာရှိခဲ့ပြီဟု ကိုမောင်လှရွှေမှ ပြောပါသည်၊၊
AWU ၏ လုပ်ငန်းစဉ်အချို့
Wednesday, February 10, 2010
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊