AWU ၏ လုပ်ငန်းစဉ်အချို့

Thursday, February 11, 2010

ရခိုင်ပြည်နယ်မှာ စစ်တပ်က ဆင်ဖြူ ရှာနေ



ငြိမ်းချမ်း | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၂ မိနစ်
အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

ဒါကာ (မဇ္ဈိမ)   ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ တောတောင်များတွင် ယခုလဆန်းမှ စတင်၍ စစ်တပ်က ဆင်ဖြူများ လိုက်လံရှာဖွေနေကြောင်း ဒေသခံများက ပြောသည်။
ပြည်နယ်မြို့တော် စစ်တွေရှိ ခြေမြန်တပ်ရင်း - ခမရ ၅၃၄ မှ တပ်သား ၈၀ ခန့် ပါဝင်သော စစ်ကြောင်း နှစ်ကြောင်းသည် မောင်တောမြို့နယ် အောင်သပြေရွာတွင် အခြေစိုက်ပြီး မြန်မာ-ဘင်္ဂလား နယ်စပ်မိုင်တိုင်
၄၉ မှ ၆ဝ အတွင်းရှိ မေယုတောင်တန်းတွင် ရှာဖွေနေခြင်း ဖြစ်သည်။

ဆင်ဖြူရှာတယ်လို့ ပြောတယ်။ ဒါပေမဲ့ အစွယ်အကြီးကြီးရှိတဲ့ ဆင်တွေဆို ပစ်ဖမ်းပြီး အစွယ်ဖြတ်ယူတယ်။ ကျနော့်ရှေ့မှာတင် ၂ ကောင် တွေ့ခဲ့တယ်ဟု လမ်းပြအဖြစ် လိုက်ပါခဲ့သူ ဘောသလာရွာသား တဦးက မဇ္ဈိမကို ပြောသည်။

ခမရ ၅၃၄ သည် ဒေသတွင်း ကျေးရွာများဖြစ်သော အောင်သပြေ၊ အောင်သလာ၊ ဘောသလာ၊ ဗန္ဓုလ၊ နံ့သာတောင် ကျေးရွာများရှိ ရွာသားများကို ပေါ်တာဆွဲကာ ဆင်ဖြူရှာကြသည်။

ဆင်ဖြူရှာဖွေရာတွင် လမ်းပြအဖြစ် လိုက်ပါခဲ့သူ မောင်တောမြို့နယ် ဗန္ဓုလရွာသား ကိုပီရအောင် (၃၅ နှစ်) သည် ယခုလ ၇ ရက်နေ့က မိုင်တိုင် ၅၃ အနီးတွင် မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့သည့် ဘောသလာရွာသားက ပြောသည်။

နှစ်နိုင်ငံနယ်စပ် မှောင်ခိုဈေးကွက်တွင် ၅ ကီလိုဂရမ် (Kg) အောက်ရှိ ဆင်စွယ်များကို ၁ Kg ကို တာကာ ၄၀၀၀ (ကျပ် ၆၀၀၀၀)၊ ၅ Kg ကျော်သော ဆင်စွယ်များကိုမူ ၁ Kg ကို တာကာ ၁၀၀၀၀ (ကျပ် ၁၅၀၀၀၀)  ပေါက်ဈေး ရှိနေသည်။

တပ်သားများက ဆင်ဖြူရှာဖွေသည်ဟု ဆိုသော်လည်း အစွယ်ရှိသော တောဆင်ရိုင်းများကိုပါ သတ်ဖြတ်နေသဖြင့် ဆင်များသည် ဘင်္ဂလားဒေ့ခ်ျ နယ်စပ်ဒေသများသို့ ပြောင်းရွှေ့မှုများ ရှိနေကြောင်း ဘင်္ဂလား-မြန်မာ နယ်စပ်နေ ဒေသခံများက ဆိုသည်။

ယခုလ ၆ ရက်နေ့တွင် နယ်စပ်မြို့ မောင်တော အနောက်ဘက် ၄၀ ကီလိုမီတာခန့်အကွာရှိ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဘန်တရိုဘန်မြို့နယ် ဘိုင်စရီဒေသ၊ တပိုင်ခါလီကျေးရွာအတွင်းမှ ဦးထွန်းသာဖြူနှင့် ဦးထွန်းအောင်ဖြူ၏ တောင်ယာကို ဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ၎င်းကျေးရွာမှ ကိုထွန်းသာမောင်က မဇ္ဈိမကို ပြောသည်။

ဒီနေရာတွေကို တောဆင်ရိုင်းတွေ ရောက်လေ့မရှိဘူး။ အခုရောက်လာတာ ထူးဆန်းနေတယ်။ ဖြစ်နိုင်တာက နယ်စပ်နဲ့နီးတော့ မြန်မာဘက်က ဆင်တွေလို့ ယူဆရတယ်ဟု သူက ပြောသည်။

ဘန်တရိုဘန်မြို့နယ်ရှိ အင်းချောင်းနှင့် အင်းသုံးဆယ် ဒေသများတွင်လည်း တောဆင်ရိုင်း အများအပြား အုပ်ဖွဲ့ကာ ဖြတ်သန်းသွားလာနေသော သတင်းများ ပေါ်ထွက်နေသည်ဟု သူက ဆက်ပြောသည်။

၂၀၀၄ ခုနှစ်တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ မယူတောင်တန်းမှ ဆင်ဖြူတကောင် ရရှိခဲ့ဖူးပြီး၊ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် မောင်တောနယ်စပ်မှ ဆင်ဖြူတကောင်ကို တောဆင်ရိုင်း အုပ်စုတစုအတွင်း တွေ့ရှိခဲ့ကြောင်း နယ်စပ်သတင်းများ ပေါ်ထွက်ခဲ့သေးသည်။ 

မယူတောင်တန်းမှ တွေ့ရှိသည့် ဆင်ဖြူကို ထိုစဉ်က စစ်အစိုးရ ဝန်ကြီးချုပ်ဖြစ်နေသူ ဗိုလ်ချုပ်ကြီးခင်ညွန့်က ရန်ကုန် အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်တွင် ရတနာဆင်ဖြူတော် အမည်ရှိ ဥယျာဉ်တခု တည်ဆောက်လုပ်ကာ ထားရှိခဲ့သည်။

ရှေးမြန်မာဘုရင်များက ဆင်ဖြူတွေ့ရှိပါက ဆင်ဖြူရှင်ဘွဲ့ရှင် ခံယူကာ မင်းကောင်းမင်းမြတ်အဖြစ် ဂုဏ်ယူဝံ့ကြွားမှု ရှိခဲ့သလို ဆင်ဖြူပေါ်လျှင် ၎င်းတို့အတွက် အတိတ်နိမိတ် ကောင်းသည်ဟု မှတ်ယူမှုများ ရှိခဲ့သည်။ ထို့အတူ လက်ရှိ စစ်အစိုးရ အကြီးအကဲများလည်း ထိုသို့သော အစွဲအလမ်းရှိနေကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုလေ့ရှိသည်။

သို့သော် ၂၀၀၅ ခုနှစ်အတွင်းက ၈၂ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကမူ ဆင်ကို ဖြူသည်ဖြစ်စေ၊ မဲသည်ဖြစ်စေ တိရစ္ဆာန်ပင်ဖြစ်သဖြင့် ရှစ်မခိုးအပ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

(
ရဲရင့်အောင် တည်းဖြတ်သည်။)




သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ