AWU ၏ လုပ်ငန်းစဉ်အချို့

Friday, February 26, 2010

စည်ပင် အားနည်းချက်ကြောင့် မီးလောင်

ရန်ကုန်မြို့တော် စည်ပင်ဌာန၏ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံမှု အားနည်းသဖြင့် စည်ပင်ဈေးများ မီးလောင်ကျွမ်းမှု ဖြစ်ပွားရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူအချို့က ဝေဖန်ပြောဆိုသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာရှိကြီးတဦးက “သင်္ကန်းကျွန်းဈေးကို ပြီးခဲ့တဲ့လက စစ်ဆေးရေးဝင်တဲ့အခါ မီးသတ်ဆေးဘူးပဲတွေ့ရပြီးတော့
အဲဒီဆေးဘူးတွေကလည်း ဈေးအုပ်ချုပ်ရေးမှူးရုံးမှာပဲ ထားတာ တွေ့ရပါတယ်။ ဒါဟာ အလွန်တရာ ဆိုးတဲ့ဖြစ်ရပ်တခုပါ။ မီးလောင်တယ်ဆိုရင် မီးသတ်ကိုပဲ အပြစ်မြင်တဲ့သူတွေ ရှိနေဆဲပါ။ ဒါကို ကျနော်တို့ မီဒီယာတွေကတဆင့် ရှင်းပြချင်ပါတယ်။ ပြောရရင် အဲဒီဈေး မီးလောင်မှုမှာ မီးလောင်တာကိုလည်း မီးသတ်က အသိနောက်ကျရတယ်၊ ဒါမျိုးတွေ မဖြစ်သင့်ဘူး။ မီးလောင်တာကို အကြောင်းကြားမယ့်သူမရှိဘူး” ဟု ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ ဈေးများတွင် မီးဘေးကြိုတင်စီမံသည့်စနစ် မရှိသည့်အတွက် အလွန်စိတ်ပျက်စရာကောင်းကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက်နေ့ သင်္ကန်းကျွန်းဈေးကြီး မီးလောင်မှုက မီးဘေးကြိုတင်စီမံမှုမရှိသည်ကို ပိုမိုသိသာစေသော ဖြစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်စည်ပင်အရာရှိတဦးက “ကျနော်တို့ကတော့ လုပ်သင့်တာကိုလုပ်ချင်ပါတယ်။ ခက်တာက ငွေကြေးအခက်အခဲပေါ့။ ဒါတွေကို ပြင်ဆင်ဖို့ဆိုတာ မြို့တော်ဝန်က ငွေချပေးမှရတာလေ။ လုပ်စရာတွေကိုမြင်ပေမယ့် ငွေမရှိတဲ့အခါ မလုပ်နိုင်ပါဘူး” ဟု ပြောသည်။
ရန်ကုန်တွင် စည်ပင်ပိုင်ဈေးပေါင်း (၁၇၀) ခန့်ရှိပြီး အလွန်အိုမင်းနေသော ဈေးများမှာ တ၀က်ခန့်ရှိမည်ဟု အဆိုပါအရာရှိက ပြောသည်။
၎င်းက “ဈေးတွေကတော့ အိုနေတာတွေရှိတာပေါ့။ ဈေးတွေက အများကြီးလေ။ အခု ကျနော်တို့ ဌာနကတော့ ပြန်ဆောက်ရမယ့် ဈေးတွေကို ဆောက်နေတာပါပဲ။ ဒါပေမယ့် ဆောက်ရမှာက များနေတယ်။ အမှန်ဆိုရင် အရင်ကတည်းက ပြန်ဆောက်သင့်တဲ့ ဈေးတွေကို ဆောက်ရမှာပါ” ဟု ပြောသည်။
မီးသတ်ဦးစီးမှ တာဝန်ရှိသူကမူ ရန်ကုန်စည်ပင်ဈေးများမှာ မီးဘေးကြိုတင်ကာကွယ်မှုကို စနစ်တကျလေ့ကျင့်ထားခြင်း မရှိကြောင်း ပြောကြားသကဲ့သို့ မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတဦးကလည်း စည်ပင်သာယာဈေးအားလုံးမှာ မီးဘေးအာမခံ ထားရှိခြင်းမရှိကြောင်း ပြောကြားသည်။



သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ