AWU ၏ လုပ်ငန်းစဉ်အချို့

Wednesday, March 3, 2010

မြန်မာအလုပ်သမား သုံးဆယ်ကျော် တင်ဆောင်လာသည့် ကားများ ဖမ်းဆီးခံရ







မြန်မာအလုပ်သမား သုံးဆယ်ကျော်ကို တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီးနှင့် ယာဉ်မောင်းသူများအား ထိုင်းနိုင်ငံ၊ စစ်ဆေးရေးဂိတ်မှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းရပ် သတင်းစာအရ သိရသည်။
အဆိုပါ မော်တော်ယာဉ်နှစ်စီးမှာ ဟိုင်းလတ်အမျိုးအစားဖြစ်ပြီး ဖေဖော်ဝါရီလ (၂၈)ရက်နေ့၊ နေလည်ပိုင်းက ထိုင်း-
မြန်မာနယ်စပ်မြို့ဖြစ်သည့် ရနောင်းမြို့မှ ချွန်ဖွန်မြို့သို့ ဘန့်ဟတ်စုပန့် အဝေးပြေး လမ်းမအတိုင်း မောင်းနှင်လာစဉ် ဂိတ်အမှတ်၂၅၂၁ မှ တာဝန်ကျ စစ်တပ်က စစ်ဆေးပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ဟိုင်းလတ်ကားအမှတ် ၆၅၃၃တွင် မြန်မာ အလုပ်သမား (၂၀)ဦးနှင့် ကားအမှတ် ၁၆၀၇ တွင် (၁၁)ဦး စုစုပေါင်း (၃၁)ဦး ဖမ်းဆီးခံခဲ့ရသည်။
အသက်၄၀ အရွယ်ရှိ ကားမောင်သူ နိုင်စုန်ဆပ်ကလီယာက ထိုသို့ ပို့ဆောင်ပေးခဲ့သည်မှာ သုံးခေါက်ရှိပြီးဖြစ်ကြောင်းနှင့် ပို့ဆောင်ခအဖြစ် တစ်ဦးကို ဘတ်ငွေ ၃၀၀၀ ယူကြောင်း ထွက်ဆိုသွားခဲ့သည်။
အဆိုပါ ကောင်းမောင်းသူများအား လူကုန်ကူမှုဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။

(GHRE)



သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ