AWU ၏ လုပ်ငန်းစဉ်အချို့

Sunday, March 21, 2010

စေတနာ့ ၀န်ထမ်း ရှေ့နေတဦး မြ၀တ်ီတွင် အဖမ်းခံရ

E-mail Print
ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ပြည်သူ့ စေတနာ့ဝန်ထမ်းအဖွဲ့ (People Volunteer Association)မှ ကိုအေး သိန်း (ခ)ကိုရန်နိုင်သည် ယမန်နေ့နံနက် ၁၀ နာရီခန့်က မြန်မာနိုင်ငံ မြ၀တီမြို့တွင် အဖမ်းခံခဲ့ရကြောင်း သတင်း ရရှိသည်။

၎င်းကို မြန်မာအာဏာပိုင်များက မြ၀တီမြို့ အမှတ်(၃) ဂိတ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ စေတနာ့ ၀န်ထမ်းအဖွဲ့ မှ တာဝန်ရှိသူ ကိုသိန်းဆန်းကပြောသည်။

“ကျနော်တို့ အဖွဲ့ အစည်းက လူတွေကို ကူညီတဲ့အဖွဲ့ပဲ၊ စေတနာ့ ၀န်ထမ်းအဖွဲ့။ ဒီအဖွဲ့သားတွေကို နိုင်ငံရေး ပုဒ်မတွေ တပ်ပြီး ဖမ်းဆီး ထောင်ချမယ် ဆိုရင်တော့ မတရားပါဘူး၊ ဘယ်လို ပုဒ်မတွေတပ်ပြီး စွဲချက်တင် မလဲ ဆိုတာတော့ ကျနော်တို့မသိသေးပါဘူး”ဟု ကိုသိန်းဆန်းက ဧရာဝတီသို့ ပြောပြသည်။

ကိုအေးသိန်းသည် မွန်ပြည်နယ် မော်လမြိုင်မြို့မှ ရှေ့နေတဦးဖြစ်ပြီး အသက်(၄၂)နှစ်ခန့် ရှိကြောင်း၊ ယခင် က လည်း မကြခဏ မြန်မာနိုင်ငံတွင်းသို့ ပြန်လေ့ရှိကြောင်း၊ ယခုတခေါက်တွင်မှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ပြည်သူ့ စေတနာ့ဝန်ထမ်းအဖွဲ့သည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ အလုပ်သမားများအရေးနှင့် လူမှု ရေး ကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသောအဖွဲ့ အစည်း တခုဖြစ်သည်။

ကိုအေးသိန်းကို ဖမ်းဆီးစဉ် ပြည်သူ့ စေတနာ့ ၀န်ထမ်းအဖွဲ့ ဝင် ဖြစ်ကြောင်း အထောက်အထား စာရွက်များ၊ နယ်စပ်မှ ထုတ်လုပ်သော သင်္ကြန်သံချပ်ခွေများနှင့် ဓာတ်ပုံ မှတ်တမ်း စီဒီချပ် စသည်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း မြ၀တီမြို့မှ ရဲတပ်ဖွဲ့ ဝင်တဦးကပြောသည်။

“သူ့ ကိုရှာဖွေတော့ ပြည်သူ့ စေတနာ့ဝန်ထမ်း အဖွဲ့ ဝင်ဖြစ်တယ်ဆိုတဲ့ အထောက်အထား စာရွက်စာတမ်း တွေ၊ အထက်တန်းရှေ့နေ လက်မှတ်မိတ္တူ နှစ်စောင်ရယ်၊ ပြီးတော့ အစိုးရဆန့်ကျင်ရေး သင်္ကြန် သံချပ် စီဒီ သုံးချပ်နဲ့ ဓာတ်ပုံတွေကို သိမ်းထားတဲ့ စီဒီတချပ်ကို ရတယ်”ဟု ၎င်းက ဆိုသည်။

နောက်ဆုံး အခြေအနေအရ ကိုအေးသိန်းကို မြ၀တီ ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။ 

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က စစ်အစိုးရ၏ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိသည်ဟု ထုတ်ပြန်ထားသည်။



သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ