AWU ၏ လုပ်ငန်းစဉ်အချို့

Monday, March 22, 2010

တွေ့ဆုံမှု ၂ ခုနဲ့ ၀ါဒဖြန့်ကား ၁ ခု



အဝေးကြည့်မှန်ပြောင်း
မတ် ၂၁၊ ၂၀၁၀
 
ဗီလိန်အစိုးရရဲ့ သံအမတ်နဲ့ ဗီလိန်အစိုးရ ၀န်ကြီး တွေ့ဆုံခြင်း
ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း  နဲ့ မြောက်ကိုရီးယား သံအမတ် Kim Sok Chol တို့ တွေ့ကြတယ်လို့ ဆိုပါတယ်။ ဘာတွေပြောကြသလဲ မသိပါ။ ဗိုလ်မှူးချုပ်ဆီက မီဒီယာပညာတွေကို သံအမတ်ကြီးက သွားလေ့လာသလား၊ ဒါမှမဟုတ် ပညာသွားပေးတာလား ဆိုတာ ရေးမထားတော့ မသိရပါ။
ဂျာနယ်တွေမှာ မြောက်ကိုရီးယားဆောင်းပါးတွေ ထပ်ထည့်ဖို့ ညှိကြတာများလား။
            ဗိုလ်မှူးချုပ်က ဘောင်းဘီချွတ်ပြီး လွှတ်တော်တက်တော့မှာမို့ အဲဒီဘောင်းဘီကို အမှတ်တရ သွားတောင်းတာများလား။
            ဒီသံအမတ်က ခေသူတော့ မဟုတ်ပါ။ သူ့ဆရာကြီး ကင်ဂျုံအီရဲ့ မွေးနေ့ကို ရန်ကုန်မှာ ဟိုတလောက ကြီးကြီးကျယ်ကျယ် လုပ်နိုင်ခဲ့သူပါ။ ဗိုလ်ချုပ်တချို့လည်း ဟက်ပီဘတ်ဒေး သွားလုပ်ကြပါတယ်။

ငွေကြေးနဲ့ပစ္စည်း ထိန်းချုပ်မယ်
နောက်သတင်းတပုဒ်ကလည်း အစည်းအဝေး အကြောင်းပါပဲ။ အစည်းအဝေး လုပ်တဲ့ သတင်းတွေ သိပ်များလို့ “အစည်းအဝေးသတင်းစာ” လို့တောင် နာမည်ပြောင် ပေးရမလို ဖြစ်နေပြီး)
            စည်းဝေးတာတွေထဲက တခုက “တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ဗဟို ထိန်းချုပ်ရေး အဖွဲ့ ၏ (၁/၂ဝ၁ဝ) ကြိမ်မြောက် အစည်းအဝေး” ဆိုပဲ။ ဘယ်လို ဘာအတွက် ထိန်းချုပ်ကြမလဲတော့ မသိဘူး။
            များများရအောင် ထိန်းချုပ် ကွပ်ကဲမှာလား၊ လက်ရှိအခြေအနေထက် ၁၀ ဆ ပိုရအောင် လုပ်ကြမှာလား တခုခုတော့ တခုခုပါပဲ။ တက်တဲ့ဆရာတွေ စာရင်းမှာတော့ ဗိုလ်ချုပ်မောင်ဦးတို့ ဘာတို့ ပါပါတယ်။

နိုင်ငံတော် အလင်းရောင် လာပြီ
ကံထူးရှင်များဖြစ်သော ဟိန်းထက်၊ မြင့်မြတ်
'အလင်းရောင်' တပ်မတော်နေ့ ဂုဏ်ပြု ရုပ်သံ ဇာတ်လမ်းကို MRTV နဲ့ မြဝတီ တို့မှာ အင်္ဂါနေ့ကစပြီး ၃ ရက် ဆက်တိုက် လွှင့်မယ်လို့ သတင်းစာများက ဆိုပါတယ်။ ဒီရဲ့ နိုင်ငံတော်ကားကို “ပြည်သူများကလည်း စိတ်ဝင်စားစွာ မျှော်လင့် စောင့်စားနေကြ” တယ် လို့ သတင်းစာ ၂ စောင်လုံးက တညီတညွတ်တည်း ရေးပါတယ်။
            KNU နဲ့ မြန်မာ့တပ်မတော် တိုက်ကြခိုက်ကြတဲ့ ကား လို့ ဆိုပါတယ်။ ဒီနေ့ သတင်းစာမှာ KNU တွေက ထော်လာဂျီ မီးရှို့တဲ့သတင်းတပုဒ်တောင် ထည့်ထားသေးတယ်။ တပ်မတော်မှာ KNU ဆိုတဲ့ ရန်သူ ရှိနေတယ် ဆိုတဲ့ သဘောပေါ့။ KNU နဲ့ အပစ်အခတ် ရပ်လိုက်ရင် တပ်မတော်မှာ ရန်သူပျောက်ပြီ ထင်ပါရဲ့။
            လိုရင်း ပြန်ကောက်ရရင် ရုပ်ရှင်လောကသားတွေရဲ့ သတ်မှတ်ချက်က ဗိုလ်ချုပ်ကြီးတွေ ရိုက်ခိုင်းတဲ့ ကားတွေကို နိုင်ငံတော်ကားတွေ တဲ့။ နိုင်ငံတော် ဆိုတာ ဗိုလ်ချုပ်ကြီးတွေကို ညွှန်းတာပါ။
            “နိုင်ငံတော်အတွက် အကျိုးရှိ၊ ပြည်သူတွေ အတွက်လည်း အကျိုးပြုနိုင်တဲ့ အပြင် အနုပညာရှင် တစ်ဦး အနေဖြင့်လည်း သရုပ်ဆောင်ခွင့် ရရှိတာမို့ အားရကျေနပ်ကြောင်း” သရုပ်ဆောင် မိုးဟေကိုက ပြောတယ် လို့ သတင်းစာတွေက ဆိုပါတယ်။
            ပြည်သူတွေကိုတော့ အကျိုးပြုမှာပါ။ မင်းသမီး မင်းသား အများအပြား ပါတဲ့ အတွက် ဒီကားကို လျှပ်စစ်မီး မပျက်တဲ့အိမ်က တီဗီ ပရိသတ်တွေ စောင့်ကြည့်ဖွယ် ရှိပါတယ်။
            “နိုင်ငံတော်ကား” တွေ ရိုက်ရတဲ့အခါ မင်းသားတွေက စစ်ဗိုလ်အဖြစ် သရုပ်မဆောင်ချင်ကြဘူး တဲ့။ ခက်ခဲလို့တော့ မဟုတ်ပါဘူး။ အပြင်လောကမှာ စစ်ဗိုလ် ဆိုတာ ရေပေါ်ဆီလူတန်းစား၊ ကလိမ်ကျ အနိုင်ကျင့်သူတွေဖြစ်နေလို့ သရုပ်မဆောင်ချင်တာ ဆိုပဲ။
            သူပုန် အဲ - သောင်းကျန်းသူ ဇာတ်ကောင်တွေ ဆိုရင်တော့ မင်းသားတွေက သရုပ်ဆောင်ရတာ အင်မတန်ပျော် ဆိုပဲ။
            ဒီလ ၂၃ ကနေ ၂၅ အထိ လွှင့်မယ့် “နိုင်ငံတော်ကား” မှာတော့ ဟိန်းဝေယံ နဲ့ ပြေတီဦး တို့က မြန်မာ့တပ်မတော်ထဲက ဗိုလ်မှူး ၂ ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရပါတယ်။
            မြင့်မြတ် နဲ့ ဟိန်းထက် တို့က KNU ဗိုလ်တွေအဖြစ် သရုပ်ဆောင်ပါသတဲ့။ ကံကောင်းတဲ့သူ ၂ ယောက်ပေါ့ဗျာ။



သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ