မိတ်ဆွေကောင်းဘယ်လိုပေါင်းမလဲ
ရိုးသားမှု့နဲ့ပေါင်းပါဟန်မဆောင်ပါနဲ့မာနမကြီးပါနဲ့သဘာဝကျစွာပေါင်းပါ ။
မြော်မြင်ဆင်ခြင်နိုင်မှု့နဲ့ပေါင်းပါ။
ကိုယ်ချင်းစာစိတ်ဖြင့်ပေါင်းပါ။
မိသားစုစိတ်ဖြင့်ပေါင်းပါ။
ငယ်ပေါင်းစိတ်နဲ့ပေါင်းပါ။
သူတော်စင်စိတ်နဲ့ပေါင်းပါ။
ဝန်တိုခြင်းကင်းသောစိတ်နဲ့ပေါင်းပါ။
တဘက်သတ်မကျသောစိတ်နဲ့ပေါင်းပါ။
တနပ်စားမကြံသောစိတ်နဲ့ပေါင်းပါ။
မြို့ရွာမည်မျှဝေးဝေးသွေးမအေးပဲပေါင်းပါ။
နှပ်ဂတိပြုသလိုလက်တွေ့မှလည်းကတိ အတိုင်းပေါင်းသင်းပါ။
မှားနေလျှင်ထိုအမှားကိုပြောပေါင်းသင်းပါ။
မှန်နေတဲ့အခါထိုအမှန်ကိုချီးမွ မ်းဝမ်းမြောက်စွာပြောပြီးပေါင်းသင်းပါ။
သာရေးမသွားဖြစ်တောင်နာရေးကိုဦးစားပေးသွားပါ။
သာရေးနာရေးအရေးကြုံလျှင်ပေါင်း သင်းနိုင်အောင်ပေါင်းသင်းပါ။
ဆန့်ကျင်ဘက်ကိုမပေါင်းနဲ့မပေါင်းမဖြစ်ပေါင်းရလျှင်အပေါ်ကယှဉ်အထဲကြဉ်၍ပေါင်းသင်းပါ။
ရန်သူဆိုလျှင်အတွင်းမ၀င်နိုင်ေ အာင်ပေါင်းသင်းပါ။
သစ္စာမဲ့သူကိုကိုယ်ကသစ္စာရှိစွာပေါင်းသင်းပါ။
ဥစ္စာငွေကျေးပျက်ပါစေစရိတ္တမပျက်ေ စပဲပေါင်းသင်းပါ။
ဆင်းရဲသော်လည်းသီလမမွဲကပေါင်းသင်းပါ။
မေ့လျှော့မူးယစ်သည်ကိုစောင့်ရှောက်ခြင်း။
မေ့လျှော့သောမိတ်ဆွေ၏ဥစ္စာကိုစောင့်ရျောက်ခြင်း။
ကြောက်လန့်သောမိတ်ဆွေ၏အားကိုးမှီခိုရာဖြစ်ခြင်း။
ဘေးရန်ဖြစ်ပေါ်လာသော်လည်းမစွန့်ခြင်း။
မိတ်ဆွေ၏သားသမီးမြေးမြစ်တိုင်ေ အာင်မြတ်နိုးခြင်း။
(ဆောင်ပုဒ်လက်ာမှတ်စရာ)
မေ့လျော့စောင့်လာ ဥစ္စာစောင့်ရှောက်
ဘေးရောက်ကိုးကွယ် ဘေးတွယ်မပစ်
သားမြစ်စဉ်ဆက် မပျက်ချီးပင့်
ဝတ်ငါးဆင့် ပြုကျင့်မိတ်ဆွေများ။
(ညောင်တုန်း ရွှေဟသ်ာတောရ ဆရာတော်)
သုတေသီဘုန်းမြင့်သွေး(လူဖြစ်ရကျိုးနပ်မည့်ပေါင်းသင်းဆက်ဆံနည်းလမ်းမှန်)