AWU ၏ လုပ်ငန်းစဉ်အချို့

Thursday, March 18, 2010

မီးဘေးသင့်အိမ်ခြေများ နေရာချထားမှုကို တိုင်းမှူးထံသို့ တင်ပြထား

မီးဘေးသင့်အိမ်ထောင်စုများအား နေရာပြန်လည်ချထားရာတွင် ဒေသအာဏာပိုင်များ၏ အမြတ်ထုတ် ကိုယ်ကျိုးရှာမှုများ ရှိနေသည့်အတွက် တိုင်းအာဏာပိုင်များထံသို့  တင်ပြတိုင်ကြားသည်ကို ယနေ့ထိအရေးယူဆောင်ရွက် ပေးခြင်းမရှိကြောင်း ဒေသခံတဦးက ပြောသည်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် စက်ကုန်းကျေးရွာမှ မီးလောင်ခဲ့သည့် အိမ်ခြေများကို ပြန်လည်နေရာချထားပေးရာတွင် နေအိမ်ဆောက်လုပ်နေထိုင်ရန် ခက်ခဲသည့် ချိုင့်ဝှမ်း၊ အင်းအိုင်များအတွင်း နေရာချထားသည့်အပြင် ယခင်ပိုင်ဆိုင်သော မြေဧရိယာ တဝက်ခန့်သာပြန်ပေးသဖြင့် ဒေသခံများက တိုင်းမှူးထံသို့ တင်ပြတိုင်တန်းခဲ့ခြင်းဖြစ်သည်။

“မီးလောင်မြေကို သိမ်းယူသွားပြီးတော့ နေရာချပေးတာ ရဟန်းရှင်လူ မကြိုက်တဲ့နေရာကိုပေးတယ်၊ အဲဒါတောင် အပြည့်ပြန်ပေးတာ မဟုတ်ဘူး၊ အဲဒီအထဲက ကမ်းနဲ့နီးတဲ့ အိမ်ခြေ (၁၄) လုံးနေရာကို ဘယ်သူ့ကိုမှ မပေးဘဲထားတယ်၊ အဲဒီနေရာက စီးပွားရေးလုပ်ငန်း လုပ်လို့ရတဲ့နေရာ” ဟု ဒေသခံက ပြောသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ ကျေးရွာအေးချမ်းသာယာရေးအဖွဲ့က နေရာချထားရေးအတွက် အစည်းအဝေးပြုလုပ်ရာတွင် ယခင်နေရာတွင်သာ ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း ပြောကြားသော်လည်း လက်တွေ့တွင် အများဆန္ဒနှင့်အညီ လုပ်ဆောင်ခြင်းမရှိကြောင်း ၎င်းကဆက်ပြောသည်။

စက်ကုန်းကျေးရွာတွင် အိမ်ခြေပေါင်း (၁၂၁) လုံးရှိကာ ပြီးခဲ့သည့် နှစ် (၁၁)လပိုင်းက လောင်ကျွမ်းခဲ့သည့် မီးကြောင့် အိမ်ခြေ (၂၈) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ရပ်မိရပ်ဖများက ကူညီထောက်ပံ့မှုအချို့ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဒေသဆိုင်ရာအာဏာပိုင်များလုပ်ရပ်ကို အနောက်တောင်တိုင်း၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေထံသို့  ပြီးခဲ့သည့်လ (၃) ရက်နေ့ နေ့စွဲဖြင့် တရားဝင်တင်ပြထားသော်လည်း ယနေ့အထိတစုံတရာ အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း ဒေသခံက ဆက်ပြောသည်။
 



သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ