AWU ၏ လုပ်ငန်းစဉ်အချို့

Saturday, March 20, 2010

ရွေးကောက်ပွဲအတွက် ရိုဟင်ဂျာများကို စည်းရုံး

E-mail Print
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော မြို့နယ်ရှိ ရိုဟင်ဂျာ အများစု နေထိုင်သော ဒေသများတွင် အစိုးရ အာဏာပိုင်များက ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းနေကြောင်း ဒေသခံ များက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေက ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင် ရိုဟင်ဂျာများနှင့် အတူ လိုက် ပါလာပြီး ယခု တပတ်အတွင်း စည်းရုံးရေး လုပ်ဆောင်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံ အခြေစိုက် ကုလားတန် သတင်းဌာနမှ အယ်ဒီတာ ဦးတင်စိုးက ဧရာဝတီသို့ ပြောသည်။

ယင်း ပြည်ထဲရေး ဒုတိယ ၀န်ကြီးက ကြံ့ဖွံ့ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း) အပါအ၀င်၊ မြို့နယ် အာဏာပိုင်များ၊ ရိုဟင်ဂျာလူ ကြီးများကို ခေါ်ယူကာ ရွေးကောက်ပွဲအတွက် မောင်းတောမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

အတည်မပြုနိုင်သေးသော သတင်းအရ အစိုးရ အာဏာပိုင်များနှင့် လိုက်ပါလာသော စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်သည့် ရိုဟင်ဂျာ လူမျိုး ဦးအောင်နိုင်နှင့် ဦးအောင်ဇော် ၀င်းတို့သည် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေ ကြောင်း သိရှိရသည်။ 

ဦးတင်စိုးက“ကျနော်တို့ သိထားတာကတော့ မောင်းတောမြို့နယ် မြောက်ပိုင်းမှာ ဦးအောင်ဇော်ဝင်းကို ပေးမယ်လို့ကြားတယ်၊ တောင်ဘက်ကျတော့ ဦးအောင်နိုင်ကို ပေးမယ်လို့ကြားတယ်၊ သူတို့က ကြေညာထားတာမရှိဘူး၊ အာဏာပိုင်တွေနဲ့ အတူ ဆင်း လာပြီးတော့ ရိုဟင်ဂျာတွေကို စည်းရုံးနေကြတယ်”ဟု ပြောသည်။

ထို ၂ ဦးသည် စစ်အစိုးရ အာဏာပိုင်များနှင့် နီးစပ်သူများဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်း၊ ငါးလုပ် ငန်းများကို လုပ်ကိုင်နေသူ များဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းမှ စတင်၍ ထိုဒေသရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူများကို တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည)နှင့် ကြံ့ဖွံ့တို့၏ ပူးပေါင်း ကူညီမှုဖြင့် ဒေသခံ လူဝင်မှု ကြီးကြပ်ရေးဌာန အရာရှိ များက ရိုဟင်ဂျာများကို စည်းရုံးကာ ယာယီ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းယာယီနိုင်ငံသား စိစစ်ရေးကတ်များကို နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး (နစက) ဒေသ ( ၉) ခုတွင် လိုက်လံ လုပ် ပေးနေခြင်းဖြစ်ပြီး တဦးလျှင် ကျပ် ၃၅၀၀ ခန့် အာဏာပိုင်များကို ပေးရကြောင်း ရိုဟင်ဂျာအရေး ဆောင်ရွက်နေသူများ အဆိုအရ သိရသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ မတိုင်ခင်ကလည်း ဆန္ဒမဲပေးရန်အတွက် စစ်အစိုးရက ရန်ကုန်တိုင်း အပါအ၀င် မွန်၊ ရှမ်း၊ ကရင်ပြည်နယ် တို့တွင် ယာယီနိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးမှုများ ပြုလုပ်ခဲ့သည်။

ရိုဟင်ဂျာ အများစုသည် အစ္စလာမ် ဘာသာဝင်များဖြစ်ပြီး နိုင်ငံမဲ့နေသော လူနည်းစုဖြစ်ကာ ရခိုင်ပြည်နယ်၏ ပြင်ပသို့ သွားလာခွင့် မရစေရန် မြန်မာ အာဏာပိုင်များ၏ ဖိနှိပ်မှုများကို ခံနေရသူများဖြစ်သည်။ သို့သော်လည်း ၎င်းတို့က မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက် ရန်အတွက် မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ထွက်ခွာလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ၎င်းတို့အပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက်များကြောင့် စားဝတ်နေရေး ပိုမို ကျပ် တည်းလာသည့် အတွက် ရိုဟင်ဂျာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ပြင်ပသို့ ထွက်ခွာကြကြောင်း သိရှိရသည်။

၎င်းတို့သည် ရေလမ်းခရီးဖြင့် တခြားသော နိုင်ငံများသို့ တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ သို့မဟုတ် မုန်တိုင်းထန်သည့် ကပ္ပလီ ပင်လယ်ဘက်သို့ ရောက်ရှိသွားကြသည်ဟု သတင်းများအရ သိရသည်။
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ