AWU ၏ လုပ်ငန်းစဉ်အချို့

Monday, March 22, 2010

နအဖတို့ ရဲ့  လျှို့ ဝှက်မှတ်တမ်းတွေက နအဖတွေရဲ့  သွေးခွဲဖြိုခွဲ ဖဲ့ထုတ်စည်းရုံး အင်အားသုံး တိုက်ခိုက်မှုတွေကို အစီအစဉ်ကျကျ လုပ်နေတယ်ဆိုတာ ပြသနေပါတယ်။

(အသေးစိတ်ဖတ်ရှုနိုင်ရန်အတွက် စာပုံပေါ်တွင် mouse click နှိပ်၍ ဖတ်ကြည့်နိုင်ပါတယ်)။
နအဖဟာ ၄င်းတို့ အလိုကျရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုနိုင်ဖို့ အတွက် အမျိုးသားညီလာခံကို ကျင်းပခဲ့တယ်။ အမျိုးသားညီလာခံ အဆင်ပြေပြေကျင်းပနိုင်ဖို့ အတွက်ကို နအဖကို ဆန့် ကျင်နေကြတဲ့ အင်အားစုတွေကို အချိုသပ်နည်းနဲ့  သဘောထားပျော့ပြောင်းပြပြီး ဟန်ဆောင်တွေ့ ဆုံစကားပြောတာတွေ လုပ်ပြခဲ့တယ်။ အတုအယောင် ငြိမ်းချမ်းရေးကို ကမ်းလှမ်းပြခဲ့ပြီး ထိုက်သင့်တဲ့ အခွင့်အရေးတွေ ပေးမလိုလိုနဲ့ အပြောချိုပြခဲ့ကြတယ်။ ဒီအင်အားတွေကို အသုံးချပြီးတော့ အမျိုးသားညီလာခံကြီးကို နအဖက အင်အားတွေပြခဲ့တယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို နအဖတွေ လက်ဝါးချင်းရိုက်ပြီး အချောသတ် အတည်ပြုတော့မယ့်အချိန်ကြတော့ စောစောက ရသင့်ရထိုက်မယ့် အခွင့်အရေးတွေများ အထိုက်အလျောက် ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့  စောင့်ဆိုင်းနေသူတွေ မှန်းချက်နဲ့  နှမ်းထွက်မကိုက် ဖြစ်ခဲ့ကြတယ်။ နအဖရဲ့  ၂၀၀၈ ခုနှစ် အတုအယောင်ဖွဲ့ စည်းပုံအခြေခံဥပဒေကြီးသာ ပြီးသွားတယ်၊ လိုရာကြိုးဆွဲကခံခဲ့ရတဲ့ အင်အားစုတွေကတော့ သမိုင်းကြောင်းတွေပျက်စီး၊ လက်နက်အင်အား လူအင်အားတွေ လျော့ပါး၊ စုစည်းမှုတွေ ပြိုကွဲနဲ့  နောက်ဆုံး နယ်ခြားစောင့်တပ်သာ လုပ်ပါတော့လို့  ဖိအားပေးခံရတာက လွဲ ဘာမှ အမြတ် မရလိုက်ပါဖူး။
အခုလာမယ့် နအဖတို့ရဲ့  ရွေးကောက်ပွဲမှာလည်း ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အင်အားစုတွေ တိုင်းရင်းသားပါတီတွေကို နေရာပေးမှာ မဟုတ်ပါဖူး။ နအဖဟာ သူတို့  စိတ်တိုင်းကျရွေးချယ်ထားတဲ့ အမာခံ လက်ကိုင်တုတ်တွေနဲ့ သာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်သွားမှာဖြစ်ပြီး ငြိမ်းအဖွဲ့ တွေကို အိမ်တစ်အိမ်ရဲ့  အစေခံလို ခိုင်းတာလုပ်၊ ပြောတာ နားထောင်၊ ပေးတာယူ ပြန်မပြောနဲ့ ဆိုတဲ့ အပေါ်စီးကနေ မောက်မောက်မာမာ ဆက်ဆံသွားမှာ ဖြစ်ပါတယ်။

မူလကတည်းက ငြိမ်းအဖွဲ့ တွေကို ခုတုံးလုပ် အသုံးချဖို့ အတွက်သာ ရည်ရွယ်ခဲ့တဲ့ နအဖဟာ ကောက်ကျစ်ယုတ်မာတဲ့ မြေခွေးပမာ မက်လုံးတွေပေး ခြောက်လုံးတွေထုတ်ပြီး အနုနည်း အကြမ်းနည်းနဲ့  သူတို့ စဉ်တဲ့အကွက်ထဲဝင်အောင် လုပ်ခဲ့တာမို့ ၊ ယခုအခြေအနေအချိန်အခါမှာတော့ နအဖတို့ ရဲ့  မူလဇာတိရုပ်အတိုင်း မောက်မောက်မာမာ အထက်စီးနဲ့  ပြန်လည်ဆက်ဆံနေတာကို ငြိမ်းချမ်းရေးယူထားတဲ့သူတွေ ရင်ဆိုင်နေရပါပြီ။

နအဖတို့ အလိုကျ နယ်ခြားစောင့်တပ်အနေနဲ့  နေမှာလား၊ မနေဖူးဆိုရင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးလို့  အာဏာရူးနအဖတွေရဲ့  မျက်နှာဖုံးပြောင်း အာဏာရှင်အစိုးရပေါ်လာပြီဆိုတာနဲ့  ငြိမ်းအဖွဲ့ အားလုံးကို နယ်ခြားစောင့်တပ်အနေနဲ့ သဘာတူခဲ့ မတူခဲ့ အပျောက်ရှင်းတော့မှာ မလွဲပါဖူး။

ယခုအခါမှ နအဖဟာ ငြိမ်းအဖွဲ့ တွေကို ခြေမှုန်းပြစ်ဖို့  အစီအစဉ်တကျ ပြင်ဆင်နေပါပြီ။ ငြိမ်းအဖွဲ့ တွေအနေနဲ့  နအဖတို့ ရဲ့  ခြေမှုန်းမှုကို မခံရလေအောင် လက်ဦးမှုရယူပြီး နအဖတွေကို စတင် တိုက်ပွဲဆင်မှာလားဆိုတာ ငြိမ်းအဖွဲ့ တွေရဲ့ အနာဂတ်အတွက် ဆုံးဖြတ်လုပ်ဆောင်သင့်ပါပြီ။

ယခုအောက်ဖေါ်ပြပါ နအဖရဲ့  လျှို့ ဝှက်မှတ်တမ်း (မတ်လ ၁၉၊ ၂၀၁၀ ခုနှစ် နေ့ စွဲ) ဟာဆိုရင် - နအဖဟာ ငြိမ်းချမ်းရေးယူခဲ့တဲ့ အင်အားစုတွေထဲက တစ်ဖွဲ့ ဖြစ်တဲ့ “၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်” ကို နအဖတို့ ရဲ့  နယ်ခြားစောင့်တပ်အနေနဲ့  လုပ်ဖို့ ဖိအားပေးတိုက်တွန်းခဲ့ပေမယ့် ငြင်းဆန်နေတဲ့အတွက် နောက်ဆုံးအဆင့်အနေနဲ့  ခြေမှုန်းဖို့ အတွက် နအဖသတင်းပေးတွေ ထောက်လှမ်းရေးတွေသုံးပြီး ၀ တပ်မတော်အကြောင်းတွေကို စုံစမ်းအစီရင်ခံထားတဲ့ လျှို့ ဝှက်အစီရင်ခံစာဘဲ ဖြစ်ပါတယ်။
Showing newest posts with label သတင်း. Show older posts

သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ