
မီးသင့်ခံနေသော..အိမ်ယာ
မုဒိန်းကျင့်ခံ နေရသော.မိန်းမဦးရေ များစွာ
လုယက်ခံနေရသော..သင်တို့ ၏ပိုင်ဆိုင်မှု
သတ်ဖြတ်ခံနေရသော အသက်များစွာ..
ဖမ်းဆီးအဓမ္မ အထမ်းပေါ်တာလူသား
မြေကြီးထဲက မိုင်းရှာ စတေးခံလူသား
သင်ရဲ့ သမိုင်းကောင်းပါရဲ့လား မောင်စစ်သားရယ်..

သင်နေထိုင်ရာသည်..ဗုဒ္ဓဘာသာနဲ့  မြန်မာပြည်..
သမိုင်းစဉ်တလျှောက်
ဘာသာ..လူမျိုးကွဲစေ..ချစ်ခင်နေထိုင်ခဲ့တဲ့ မြေ
ဒီတမြေ..တရေထဲသောက်..ညီညွတ်ခဲ့တဲ့ မြေ..
ဘိုးဘွားပေးခဲ့တဲ့ ဒို့ အမွေ
စစ်အာဏာရှင်တဦးရဲ့ နှုတ်မိန့် ..
သတ်စေဆိုတိုင်း..သေစေရမလား..
စစ်တပ်ဆိုတာ..ကြေးစားလူသတ်သမားလား..
ဒီလိုသာဆို..ဗိုလ်ချုပ်ဖွဲ့ ပေးသွားမှာမဟုတ်ဘူး
နောင်တနေ့ နေ့ ..စစ်ပြေးဒုက္ခသည်ကလေးတွေ
မြန်မာစစ်တပ်သမိုင်းကို..ရေးပါလိမ့်မယ်။
သင်တို့ ရဲ့ နှလုံးသားအမြင်ကို.ကမ္ဘာသိကြပါလိမ့်မယ်..
ငါးခုံးမတစ်ကောင်ကြောင့် ပုပ်စော်နံစေမှာ..
သင်ချစ်သော စစ်တပ်..
အာဏာရှင်က စစ်တပ်အမည်ကိုပါ သတ်ပြန်ပေါ့
နေ၀င်းစစ်တပ်..သန်းရွှေစစ်တပ်..
ဒါ အောင်ဆန်းရဲ့ စစ်တပ်မဟုတ်ဘူး..
ကရင် ကရင်နီ မွန်ကယား..
ကချင် ရခိုင် ရှမ်း နာဂ
ဝ ပလောင် ချင်း စသောတိုင်းရင်းသား..
အစည်းပြေ သွေးကွဲမသွားပါနဲ့ ..
မြန်မာက တိုင်းရင်းသားကို မသတ်..
အာဏာရှင်စံနစ်က သတ်တယ်..
အာဏာရှင်ကို ဖြုတ်ချဖို့ 
ထင်းစည်းတို့ ရဲ့အား..ပျားတစ်အုံရဲ့ စွမ်းအား..
သင်သည်..ညီညွတ်ခြင်းရဲ့ အင်အား ပြကြပါစို့ .
လက်တွဲတူတူ..တော်လှန်ကြပါစို့ 