ဧပြီ ၂၊ ၂၀၁၀
ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်းရှိ ပုံပါကျင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ မိုင်းယု စသည့် မြို့တို့မှ ပြည်သူ့စစ်အဖွဲ့များသည် နယ်ခြားစောင့်တပ်များအဖြစ် မတ်လ ၃၀ ရက်နေ့က အသွင် ကူးပြောင်းသွားကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
လောနိုင်ငံအနီး တည်ရှိသော မိုင်းယုမှ တပ်ကို အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ် ဖြစ်သွားသည်။
လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) ၊ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး(ကလလတ)၊ ကိုးကန့်တပ်ဖွဲ့ တို့သည် နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းပြီး ဖြစ်သည်။
နယ်ခြားစောင့်တပ် တခု ကို အင်အား ၃၂၆ ဦးဖြင့်ဖွဲ့စည်းသည်ဟု သိရသည်။
နယ်ခြားစောင့်တပ်များစာရင်း
အမှတ် ၁၀၀၁ - NDA-K
အမှတ် ၁၀၀၂ - NDA-K
အမှတ် ၁၀၀၃ - NDA-K
အမှတ် ၁၀၀၄ - ကလလတ
အမှတ် ၁၀၀၅ - ကလလတ
အမှတ် ၁၀၀၆ - ကိုးကန့်တပ်ဖွဲ့
အမှတ် ၁၀၀၇ - ပုံပါကျင် ပြည်သူ့စစ်
နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦးကို ရာထူးအဆင့် တံဆိပ်များ တပ်ဆင်ပေးနေသော ဗိုလ်ချုပ်ကျော်ဖြိုး (တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး)၊ နှင့် ဗိုလ်ချုပ် မောင်မောင်အုန်း (ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး)
ပုံပါကျင်တွင် တွေ့ရသော နယ်ခြား စောင့်တပ် အသွင်ကူးပြောင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်