AWU ၏ လုပ်ငန်းစဉ်အချို့

Friday, April 16, 2010

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရမည့် နောက်ဆုံး နေ့ရက် သတ်မှတ်


စံလင်း(နိဉ္စရာ)
ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေး ပါတီ ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင် လျှောက်ထားခွင့် နောက်ဆုံး နေ့ရက်ကို ၂၀၁၀ နှစ် မေလ ၆ ရက်နေ့ အဖြစ် သတ်မှတ် လိုက်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အဆိုပါ နေ့ရက်ကို နောက်ဆုံးနေ့ အဖြစ် သတ်မှတ် ခြင်းကို ဧပြီလ ၉ ရက်နေ့က ကျေညာချက် ၁၈/၂၀၁၀ ဖြင့် ထုတ်ပြန် ကြေညာသည်။

ဧပြီလ ၉ ရက်နေ့ထိ ရွှေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် အဖွဲ့အစည်းများမှာ (၁၆)ဖွဲ့ ရှိပြီ ဖြစ်သည်ဟု သိရသည်။

အဆိုပါ အဖွဲ့များမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ဒီမိုကရတ်တစ် ပါတီ(မြန်မာ)၊ ကရင်ပြည်သူ့ ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်၊ ပအိုဝ်း အမျိုး သားအဖွဲ့ချုပ်
(PNO)၊ ကချင်ပြည်နယ် တိုးတက်ရေး ပါတီ၊ မြန်မာ့ လူဘောင်သစ် ဒီမိုကရစ်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ ခေတ်သစ် ပြည်သူ့ ပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ တအာင်း(ပလောင်) အမျိုးသား ပါတီ၊ ကရင် အမျိုးသားများ အဖွဲချုပ် ပါတီ၊ ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီနှင့် “ဝ” ဒီမိုကရက်တစ် ပါတီ တို့ဖြစ်ကြသည်။

ယခုအချိန်ထိ ရခိုင်ကိုယ်စားပြု အဖွဲ့အစည်း တခုမှ မှတ်ပုံတင် လျှောက်ထားခြင်း မရှိသေးကြောင်း သိရသည်။

နအဖ စစ်အစိုးရသည် နိုင်ငံရေးပါတီများ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားရန် နောက်ဆုံး နေ့ရက်ကို ထုတ်ပြန်ကျေညာသော်လည်း ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကိုမူ ယခုအချိန်ထိ သတ်မှတ် ကျေညာခြင်း မရှိသေးကြောင်း သိရသည်။



သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ