AWU ၏ လုပ်ငန်းစဉ်အချို့

Monday, April 26, 2010

ရာနှင့်ချီသော မွန်ဒုက္ခသည်များ နယ်စပ်သို့ ရောက်ရှိ

  
E-mail Print
မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များနှင့် စစ်အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ ရွာများမှ မွန်တိုင်းရင်းသား ၄၀၀ ကျော်ခန့့်သည် ပြီးခဲ့သော သီတင်းပတ်အတွင်းက ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများဆီသို့ ရောက်လာကြသည်ဟု သတင်းရရှိသည်။

ဟလော့ခနီ မွန်ဒုက္ခသည်စခန်းမှ ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး မိလ၀ီနွန်က “ဒီ ၃ ရက်အတွင်း ကျမတို့ စခန်းကိုပဲ လူ ၃၀၀ ကျော် ရောက်တယ်။ အဖွားကြီးတွေ၊ ကလေးတွေနဲ့ မိန်းမတွေ များတယ်။
သူတို့က တိုက်ပွဲဖြစ်မှာကို စိုးရိမ်လို့ ရှောင်လာကြတာ။ ပြီးတော့ မွန်ဒုက္ခသည် စခန်းတခုဖြစ်တဲ့ ဖလဲ့ဒွန်းဖိုက်ကိုလည်း ဒုက္ခသည် ၁၀၀ ကျော်ခန့် ရောက်ရှိနေကြတယ်” ဟု ဧရာဝတီသို့  ပြောသည်။

ထွက်ပြေး တိမ်းရှောင်လာသူများကို စခန်းတွင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းဝင်း အတွင်းတွင် ယာယီနေရာ ချပေးထားသည်ဟု မိလ၀ီနွန်က  ဆက်လက်ပြောပြသည်။

ဒုက္ခသည်များ တိုးပွားလာသဖြင့် သောက်ရေ သုံးရေ ပြတ်လပ်မှုနှင့် အညစ်အကြေးစွန့်ရန် အိမ်သာ မလုံလောက်သည့် ပြဿနာများလည်း ရှိကြောင်း သိရသည်။

စစ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့ရန်၊ သို့မဟုတ် ပြည်သူ့စစ်အဖွဲ့ ဖွဲ့ရန် အတင်းအကျပ် ဖိအားပေးလာခြင်းအား မွန်ပြည်သစ်ပါတီက လက်မခံနိုင်ကြောင်း ဧပြီလ ၂၂ ရက်နေ့တွင် ငြင်းဆန်လိုက်ပြီးနောက် ယခုကဲ့သို့ စိုးရိမ်ပူပန်မှုများ၊ ထွက်ပြေးတိမ်းရှောင်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

နယ်စပ်သို့ တိမ်းရှောင်လာသူ အများစုမှာ ရေး ချောင်းဖျားဒေသမှ ဖြစ်သည်ဟု သိရသည်။ အဆိုပါ ဒုက္ခသည် စခန်းများသည် မွန်ပြည်သစ်ပါတီ ဌာနချုပ်နှင့် နီးစပ်နေသောကြောင့် ဒုက္ခသည်များ စိုးရိမ်ထိတ်လန့်နေကြသည်ဟု စခန်းတွင်းနေထိုင်သူ ကိုမင်းထက်မောင်က ပြောသည်။

“စခန်းထဲမှာက အခုလူတွေတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်။ အထုပ်ပြင်သူပြင်။ နယ်စပ်ဖြတ်ပြီး။ ထိုင်းဘက်ကို ပြေးမလို့ လေ” ဟုဆိုသည်။

ဟလော့ခနီ စခန်းတွင် မူလက မွန်ဒုက္ခသည် ၃၅၀၀ ၀န်းကျင် နေထိုင်လျက်ရှိရာ ယခုအခါ ဒုက္ခသည် ၄၀၀၀ နီးပါး ရှိလာပြီဖြစ်သည်။ 

ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများကို ထိုင်းမြန်မာနယ်စပ် အခြေစိုက် Thailand Burma Border Consortium  (TBBC ) က ထောက်ပံ့ပေးလျက်ရှိသည်။
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ