AWU ၏ လုပ်ငန်းစဉ်အချို့

Monday, April 26, 2010

NLD အလံနှင့် ဆိုင်းဘုတ် ဖြုတ်လိမ့်မည်မဟုတ်

NLD အလံနှင့် ဆိုင်းဘုတ် ဖြုတ်လိမ့်မည်မဟုတ်

E-mail Print
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် လာမည့် မေလ ၆ ရက်နေ့တွင် ပါတီမှတ်ပုံတင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သော်လည်း ဆိုင်းဘုတ်ဖြုတ်ခြင်း၊ အလံဖြုတ်ချခြင်းတို့ ပြုလုပ်မည် မဟုတ်ကြောင်း ယနေ့ ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

“ပြည်သူလူထု အကျိုးပြုတဲ့ လူမှုရေးလုပ်ငန်းတွေကိုပဲ ကျနော်တို့ NLD က ဆက်လက် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်” ဟု ပြန်ကြားရေးအဖွဲ့မှ ဦးအုန်းကြိုင်က မီဒီယာများသို့ ပြောဆိုလိုက် သည်။

လက်ရှိ အနေအထားအရ NLD အနေနှင့် စစ်အစိုးရအတည်ပြုခဲ့သည့် အခြေခံဥပဒေကို လက်မခံနိုင်သည့်အတွက် ပါတီမှတ်ပုံတင်ခြင်း ပြုလုပ်မည် မဟုတ်သကဲ့သို့ နိုင်ငံရေးလုပ်ငန်းများကိုလည်း လုံးဝ ရပ်ဆိုင်း ထားရမည့် အခြေအနေ ဖြစ်နေကြောင်း၊ သို့ရာတွင် ဆိုင်းဘုတ်မဖြုတ်၊ အလံမချခြင်းမှာ NLD အနေဖြင့် ဆက်လက်ပြီး ပြည်သူလူထုအပေါ် စေတနာ ထားရှိနေဆဲ၊ ရှင်သန်နေဆဲဖြစ်သည်ဟု ပြသနေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ မပြီးဆုံးသေးဟု မှတ်ယူနေသည်ကို ပြသနေခြင်းဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောဆိုသည်။

nld_thingyan
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလ အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ရေပက်ဖျန်းစဉ် (ဓာတ်ပုံ - AP)
“ကျနော်တို့ ခေါင်းဆောင်တွေရဲ့ ဆန္ဒကတော့ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေချင်တယ်” ဟု သူက ဆက်ပြောသည်။

NLD ဗဟို အမျိုးသမီးအဖွဲ့ကလည်း မေလ ၄ ရက်နေ့အထိ ရုံးရှေ့တွင် ဆွမ်း ဆက်လက် ကပ်လှူသွားမည်ဖြစ်ပြီး မေလ ၇ ရက်နေ့ နောက်ပိုင်း အစီအစဉ်များကို မေလ ၄ ရက်နေ့တွင် ပြုလုပ်မည့် အစည်းအဝေးဆုံးဖြတ်ချက်အပြီး ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ကြောင်း NLD အမျိုးသမီးအဖွဲ့ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာမေ၀င်းမြင့်က ဆိုသည်။

လူမှုအထောက်အကူပြု အဖွဲ့မှ လုပ်ငန်းများကိုမူ မေလ ၇ ရက်နေ့ နောက်ပိုင်းတွင်လည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ