AWU ၏ လုပ်ငန်းစဉ်အချို့

Wednesday, May 5, 2010

ကြံ့ဖွံ့ကို ဝေဖန်မှုများ ပိတ်ပင်ခံရ

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့)က နိုင်ငံရေး ပါတီ အဖြစ် အသွင်ပြောင်းခြင်းသည် ဥပဒေနှင့် မညီကြောင်း ဝေဖန် ရေးသားမှုများကို မြန်မာနိုင်ငံရှိ သတင်း မီဒီယာများတွင် ဖော်ပြခွင့်မရကြောင်း သိရသည်။

“ကြံ့ဖွံ့က ပါတီ ဖွဲ့တာက ဥပဒေအရ လုံးဝ တရား မ၀င်ဘူး ဆိုတဲ့ အရေးအသားတွေကို စာပေ စိစစ်ရေးက လုံးဝ ပိတ်ပင်ထားတယ်” ဟု ရန်ကုန်မြို့မှ သတင်း အယ်ဒီတာ တဦးက ဆိုသည်။

usda_members
ကြံ့ဖွံ့ဖွင့်ထားသော အင်္ဂလိပ်စာ သင်တန်းတခုတွင် အသင်းဝင်များ သင်ယူ နေကြစဉ် (ဓာတ်ပုံ - ခေတ်လူငယ်)
ပါတီတခုနှင့် ပတ်သက်ပြီး ဝေဖန် ဖော်ပြခွင့် မရှိခြင်းသည် ရွေးကောက်ပွဲ ကာလတွင် သတင်းနှင့် စာပေ လွတ်လပ်ခွင့် မရနိုင်သည့် အချက်ကို ပြသနေကြောင်း ပြည်တွင်း မီဒီယာသမား အများစုက ဆိုကြသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ တည်ထောင်ခွင့်ကို  ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုကြောင်း ယမန်နေ့က မြန်မာ့ ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြထားသည်။ ကော်မရှင်သို့ လျှောက်ထားပြီး ၅ ရက်အကြာတွင် ပါတီ တည်ထောင်ခွင့် ပြုကြောင်း ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံပိုင် ငွေ၊ အဆောက်အအုံများဖြင့်  အစိုးရက ဦးစီး တည်ထောင်ခဲ့သော  ကြံ့ဖွံ့အသင်းကို ပါတီအဖြစ် ပြောင်းလဲ အသုံးပြုခြင်းမှာ လက်ခံနိုင်ဖွယ်မရှိဟု ရန်ကုန်နိုင်ငံရေးသမားများက ဆိုသည်။

“နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း တို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့ အစည်း ဖြစ်ကြောင်း တွေ့ရှိလျှင် ပါတီကို နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်လို့ ဖော်ပြထားတယ်” ဟု နိုင်ငံရေးသမားတဦးက နိုင်ငံရေး ပါတီ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၃ကို ကိုးကားပြီး ရှင်းပြသည်။

၁၉၉၃ တွင် ဗိုလ်ချုပ်ကြီးတို့ ဖွဲ့စည်းခဲ့သည့် ကြံ့ဖွံ့အသင်းသည် အဖွဲ့ဝင် ၂၄ သန်း ရှိသည်ဟု ဆိုသည်။ အသင်းဝင် အရေအတွက်သည် မြန်မာပြည် လူဦးရေ၏ ထက်ဝက် နီးပါး ဖြစ်နေခြင်းမှာ ကျောင်းသား၊ နိုင်ငံ့ဝန်ထမ်း၊ အရပ်သားများကို အတင်း အကျပ်  စုဆောင်းထားခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

အသွင်ပြောင်း ဖွဲ့စည်းသည့်  ကြံ့ဖွံ့ ပါတီသည် ငွေကြေး အင်အား ပြည့်စုံဖွယ်ရှိပြီး အစိုးရက ကျောထောက်နောက်ခံ ပြုထားမည် ဟု ယူဆရသောကြောင့် တခြားပါတီများ အခက်တွေ့ကြမည်ဟု ပြည်တွင်း နိုင်ငံရေးသမားများက ဆို သည်။

“ပြည်သူတွေ မဲပေးသည် ဖြစ်စေ၊ မဲ မပေးသည် ဖြစ်စေ ကြံ့ခိုင်ရေး ပါတီက အနိုင် ရအောင် လုပ်မှာ ဖြစ်တဲ့အတွက် ပါတီသစ်တွေ အနေနဲ့ ဒီပါတီကို ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး” ဟု နိုင်ငံရေး ပါတီသစ် တခုမှ ခေါင်းဆောင်တဦးက ရှင်းပြသည်။

နိုင်ငံရေးပါတီ အဖြစ် အသွင် မပြောင်းမီ ကြံ့ဖွံ့ အသင်းသည် နိုင်ငံတ၀န်းလုံးတွင် လမ်းခင်းခြင်း၊ အခမဲ့ ဆေးရုံ ဆေးခန်းများ တည်ဆောက်ခြင်း အပါအ၀င် လူမှုရေး လုပ်ငန်းများကို ပြည်သူ့ ဘဏ္ဍာ သုံးပြီး ဆောင်ရွက်ခဲ့သည်။ ထိုလုပ်ရပ်များမှာ ရွေးကောက်ပွဲအတွက် ကြိုတင် မဲဆွယ်မှုများ ဖြစ်သည်ဟု အကဲခတ်များက ဝေဖန်နေကြသည်။

ထိုဝေဖန်ချက်များကို ကြံ့ဖွံ့အသင်းက တုံ့ပြန်ခြင်း မရှိပေ။ ပါတီဖွဲ့စည်းခြင်းကိုလည်း တရားဝင် ကြေညာခြင်း မရှိပေ။
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ