AWU ၏ လုပ်ငန်းစဉ်အချို့

Monday, August 23, 2010

မြ၀တီတွင် ဂက်စ်အိုးဆိုင်တဆိုင် မီးလောင်ပေါက်ကွဲ


ယမန်နေ့ည ၇ နာရီခွဲခန့်တွင် မြ၀တီမြို့ အထက်တန်းကျောင်း နောက်ဘက်ရှိ ဂတ်စ်အိုးဆိုင်တဆိုင်တွင် မီးလောင်ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြဝတီမြို့ ရွှေမင်းဝန်ဘုရားနှင့် ရဲစခန်းကြား အမှတ် ၄ ရပ်ကွက်အတွင်းရှိ ဂက်စ်အိုးများ ဖြန့်ဖြူးရောင်းချနေသော ဆိုင်တဆိုင်တွင် ဂက်စ်အိုးများ ကားပေါ်တင်နေခိုက် မီးလောင်ပေါက်ကွဲခြင်း ဖြစ်သည်ဟု မြဝတီ မြို့ခံတဦးက ဆိုသည်။

“လက်နက်ကြီးတွေ ပစ်နေသလိုပဲ အုန်းအုန်းနဲ့၊ ကျနော် ကြားမိသလောက်တင်ကို အချက်ပေါင်း ၂၀ ကျော် အနည်းဆုံးရှိတယ်” ဟု သူက ပြောသည်။

ထိုမီးလောင်မှုသည် ည ၈ နာရီခွဲခန့်တွင် မီးညွှန့်ကျိုးသွားခဲ့ပြီး ကူးစက်မှုနှင့် ထိခိုက်ဒဏ်ရာ ရသူ ရှိ၊ မရှိကိုမူ မသိရသေးပါ။ ယခု မီးလောင်ခဲ့သော ဂက်စ်အိုးဆိုင်သည် လွန်ခဲ့သည့် နှစ်အတွင်းကလည်း မီးလောင်မှု ဖြစ်ခဲ့ဖူးသည်ဟု မြဝတီ မြို့ခံတဦးက ဆိုသည်။
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ