သမား လက်မှတ်ကိုင်ဆောင်ထားသူရွှေ့
ပြောင်းအလုပ်သမားများကို သက်တမ်း ၂ နှစ် ထပ်မံတိုး၍အလုပ်လုပ်ခွင့် ပြုလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။
ယင်းခွင့်ပြုချက်တွင်အလုပ်လုပ်ခွင့်သက်တမ်း ယနေ့ကုန်ဆုံးမည့်အလုပ်သမားများအပါအ၀င် ယမန်နှစ်က မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများမှအလုပ်သမားမှတ်ပုံတင် ပြုလုပ်ခဲ့သော ရွှေ့ပြောင်းအလုပ် သမား (၁) သန်း (၃) သိန်းကျော်တို့ ဖြစ်သည်ဟု
ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့မှ အလုပ်သမားရေးရာ
တာဝန်ခံဦးသက်ခိုင်ကပြောသည်။သက်တမ်းတိုးရမည့်အလုပ်သမားများတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁) သန်းကျော် ပါဝင်ကြောင်း သိရသည်။
ယာယီနိုင်ငံကူးလက်မှတ်ရှိသူများက သက်တမ်းတိုးရန်မလိုကြောင်း၊ သို့သော်

ယခုအလုပ်သမားလက်မှတ်သက်တမ်းတိုးမည့် သူများအနေဖြင့် ယာယီနိုင်ငံကူး
လက်မှတ်လုပ်ဆောင်ရန် လျှောက်လွှာပုံစံ ဖြည့်စွက် တင်ထားရန် လိုအပ်
ကြောင်း၊ထိုသို့လျှောက်လွှာမတင်သည့်သူများကိုတရားမ၀င်အလုပ်သမားဟု
သတ်မှတ်၍အရေးယူမည်ဟု သိရကြောင်းလည်း ကိုသက်ခိုင်က ဆိုသည်။
အဆိုပါ ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘော

တူညီချက်အရ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ကို နောက်ဆုံးထား သတ်
မှတ်ခဲ့ကြောင်း သိရသည်။
၂၀၀၉ခုနှစ် ဇူလိုင်လမှ စ တင်၍ ထိုင်းမြန်မာ-နယ်စပ် မြို့ ၃မြို့ တွင် ယာယီ

နိုင်ငံကူး လက်မှတ်ရုံးများ ဖွင့်လှစ် ကာ ပြုလုပ်ခဲ့သော်လည်း ယခုထက်တိုင်
လူဦးရေ ၁၀၀၀၀ ကျော်သာ ပြုလုပ်ပြီးစီးသေးသည်ဟု လည်း ကိုသက်ခိုင်က
ပြောဆိုသည်။
ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန်ငွေကြေးအခက်အခဲများ၊နိုင်ငံသား စိစစ်ရေးအစီ

အစဉ်များအပါအ၀င် အလုပ်သမားများ တွေ့ကြုံနေရသည့်အခက်အခဲများနှင့်
ပတ်သက်ပြီး ထိုင်းနိုင်ငံအတွင်းရှိအလုပ်သမားအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်းများ NGOs
များပူးပေါင်း၍ ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ ပြီးခဲ့သည့်တနင်္လာနေ့ကစာတင်ခဲ့ကြ
ကြောင်း သိရသည်။ယင်းစာတင်ပြီးနောက် ထိုင်းအစိုးရ၏ ယခု သက်တမ်းတိုးသည့်
ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း၌မြန်မာနိုင်ငံသားစုစုပေါင်း၂သန်း မှ ၄ သန်းအထိ ရှိကြောင်း

အလုပ်သမားအဖွဲ့များကပြောဆိုကြသည်။တချိန်တည်းတွင်ပင်ယင်းသို့
ထိုင်းအစိုးရကရွှေ့ပြောင်းအလုပ်သမားများနေထိုင်အလုပ်လုပ်ခွင့် သက်တမ်း
တိုးရန် စီစဉ်နေသော်လည်း မလေးရှားအစိုးရက တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားကို ပြင်းထန်စွာအရေး ယူရန် စီစဉ်နေကြောင်းနှင့် လတ်တလော ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်နေ့က မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် “မလေးရှား လူဝင်မှု ကြီးကြပ်ရေးကလာမည့် ဖေဖ၀ါရီလ ၁၅ ရက်မှ စတင်ကာ နိုင်ငံတ၀န်း တရားမ၀င်အလုပ်လုပ်နေသော နိုင်ငံခြားသား ထောင်ပေါင်းများစွာကို ဖမ်းဆီးနှိမ်နင်း တော့မည်။ ယင်းသို့ ဖမ်းဆီးရာတွင် လ၀ကများ ၊ ရဲများ၊ရလာ (Rala) များက ပူးပေါင်း ကူညီကြမည်ဖြစ်သည်။ ယခုအခါ မလေးရှားတွင် နိုင်ငံခြားသားအလုပ်သမား ၁ သန်း ၈သိန်းခန့်ရှိသည်”ဟု ဖော်ပြခဲ့သည်။
မလေးရှားအာဏာပိုင်များက ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် စတင်ဖမ်းဆီးမည်ဟု ကြေညာခဲ့သော်လည်း ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၈ ရက်နေ့ကပင် စတင်ဖမ်းဆီအရေးယူမှုများ ပြုလုပ်နေပြီဖြစ်သောကြောင့် မြန်မာအလုပ်သမားများ စိုးရိမ်ထိတ်လန့်နေကြကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ထဲတွင်အလုပ်လုပ်နေ သည့် ကိုမောင်မောင်က ပြောပြသည်။
“တနင်္လာနေ့က ဖမ်းတဲ့အထဲမှာ ကွာလာလမ်ပူထဲက ကိုတရာယ ဆိုတဲ့နေရာမှာရှိတဲ့ စားသောက်ဆိုင်တွေ မှာအများကြီးဝင်ဖမ်းတယ်။ နောက် မန်ဂန် လန်ပူဈေးနဲ့ ကန်မ ရာဟိုင်းလတ် ဆိုတဲ့နေရာမှာ ၀င်ဖမ်းတာ မြန်မာနိုင်သား ၄၀ လောက် ပါသွားတယ်၊ ဗမာ၊ ရခိုင်၊ ချင်း၊အစုံပဲ၊ နောက်လမှ ဖမ်းမယ် ကြေညာပြီးအခု ကတည်းက ၀င်ဆွဲနေတော့ လူတွေလည်း လန့် နေကြတာပေါ့ဗျာ”ဟု ၎င်းကဆိုသည်။
ထို့အပြင်အီပို့ မြို့တွင်လည်းအဖမ်းအဆီးများရှိကြောင်း သူက ဆက် ပြောပြသည်။
မလေးရှားတွင် မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ လာရောက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
Wednesday, 20 January 2010 19:10 ဘစောတင်