AWU ၏ လုပ်ငန်းစဉ်အချို့

Sunday, January 24, 2010

မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် လုပ်သူများလာ

ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်နေသော မြန်မာအလုပ်သမားများ ယာယီမြန်မာနိုင်ငံကူး
လက်မှတ် ပြုလုပ်သူအလွန်များပြားလာသည်ဟု သိရသည်။
မြန်မာအလုပ်သမားများသည် ယာယီမြန်မာနိုင်ငံကူးလက်မှတ် ရရှိပြီးသူများ လက်တွေ့
ခံစားနေရ သောအခွင့်အရေးများကိုတွေ့မြင်လာခဲ့ကြရာမှ ထိုလက်မှတ်အပေါ်ယုံကြည်
မှုရှိလာသည်ဟုထိုင်းနိုင်ငံမဟာချိုင်မြို့ရေခဲစက်ရုံမှမွန်အလုပ်သမားတစ်ဦးက ဆိုသည်။


အစကတော့ ဗမာအစိုးရကို သိပ်မယုံကြည်ဘူး၊အခုတော့ ကျွန်တော့်တူ ကိုယ်တိုင်သွား လုပ်တာအားလုံးအဆင်ပြေတယ်၊ဘာပြဿနာမှမရှိဘူး၊ဒါကြောင့်ကျွန်တော်တို့ပတ်စပို့ 
လုပ်ဖို့ စိတ်ဝင်စားလာတာပါ၊အခု ကျွန်တော်တို့ လုပ်နေတဲ့အလုပ်ရုံမှာ မွန်၊ ဗမာအလုပ် 
သမား၃၀၀လောက်ရှိတယ်၊အားလုံးလုပ်ကြမယ်၊အခုဆိုရင်တာချီလိတ်ဘက်မှာတစ်နေ့ 
ကို လူအယောက် ၁၅၀ လောက် သွားလုပ်နေကြတယ်” ဟု ၄င်းက ပြောသည်။
  မဟာချိုင်မြို့ရှိ ငါးသေတ္တာစက်ရုံတွင်အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား ၁ သောင်းဝန်းကျင်ခန့်သည်လည်းယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် လျှောက်လွှာတင် ထားကြပြီဖြစ်ကြောင်း ၄င်းစက်ရုံမှ မြန်မာအလုပ်သမတစ်ဦးက ဆိုသည်။
  ယာယီမြန်မာနိုင်ငံကူးလက်မှတ် ရရှိပြီးသူဦးရေမှာ ၁ သောင်းကျော် ရှိနေပြီး၊ လက်ရှိ စာရင်းတင်သွင်းထားသူများမှာမဟာချိုင်မြို့ရှိ မြန်မာအလုပ်သမာအားလုံး၏ တစ်ဝက်

ကျော်ရှိသည်ဟုမဟာချိုင်မြို့ရှိယာယီနိုင်ငံကူးလက်မှတ် လျှောက်လွာတင်သွင်းသည့်
နေရာတွင် ကူညီဆောင်ရွက်ပေးနေသည့် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။
  “ဒီမဟာချိုင်မှာရှိတဲ့အလုပ်ရုံတော်တော်များများကပတ်စပို့လုပ်ဖို့လျှောက်လွှာတင် နေကြတယ်၊အခုဆိုရင်မဟာချိုင်မြို့မှာရှိတဲ့အလုပ်သမာအားလုံးရဲ့၃ ပုံ၂ ပုံလောက်က 

တင်ထားပြီးပြီ၊ လုပ်တဲ့သူ များများလာတယ်” ဟု ၄င်းက ပြောသည်။
  မြန်မာအလုပ်သမားများယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူ များပြားလာကြောင်းကို 

မဟာချိုင်မြို့ရှိ HRDF(Human Right Development Foundation)အလုပ်သမားခွင့်
ရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကလည်း ပြောသည်။
  အလုပ်သမားတွေပတ်စပို့လုပ်တာအရင်ကထက်များလာပြီ၊ သူတိုအရှေ့ကပတ်စပို့ 

ရပြီးတဲ့ အလုပ်သမားတွေ လွတ်လွတ်လပ်လပ် သွားလာနေတာကို သူတို့မြင်တော့ လုပ်လာကြတယ်လေ၊အချို့လူတွေကျတော့ မြန်မာAQAအစိုးရနဲ့အလိမ်ခံရမှာစိုးလို့ မလုပ်ကြတဲ့သူတွေလည်း ရှိပါတယ်” ဟု ထိုဖောင်ဒေးရှင်းမှ တာဝန်ခံ ကိုစိန်ဌေးက 
ပြောသည်။
  မြန်မာအလုပ်သမားများ ယာယီမြန်မာနိုင်ငံကူးလက်မှတ်အလွယ်တကူလုပ်ဆောင် 

နိုင်ရန်တွက် ထိုင်းနိုင်ငံတွင် ဝန်ဆောင်မှုအဖွဲ့အစည်း ၅ ဖွဲ့ကျော်ရှိပြီး၎င်းအဖွဲအစည်း
တို့မှ ညှိနှိုင်းပြီး ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင်ကုန်ကျစရိတ်အားလုံ 
အတွက် ထိုင်းဘတ်ငွေ ၄၅၀၀ ဘတ် ယူရန် သတ်မှတ်ထားကြသည်ဟု ဇန်နဝါရီလ 
၁၅ ရက်နေ့ထုတ် Bi weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
၎င်အပြင် မြန်မာအလုပ်သမားများ ယာယီမြန်မာနိုင်ငံကူးလက်မှတ် လုပ်ခွင့်သက်တမ်း 

ကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးရက်ဟု သတ်မှတ်ထားသော
်လည်း ယာယီမြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ထိုင်းနိုင်ငံမှ နောက်ထပ်သက်တမ်း 
၂ နှစ် တိုးမြှင့်ပေးလိုက်သည်ဟု ယခုလ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာန၏အင်တာနက်စာမျက်နှာတွင် တင်ပြထားပါသည်။

Thu 21 Jan 2010, မိကျလွန်းထော




သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ