AWU ၏ လုပ်ငန်းစဉ်အချို့

Friday, January 22, 2010

ထိုင်းတောင်ပိုင်းတွင်အလုပ်သမားအခွင့်အရေးသင်တန်းပေး


၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ။ ဒီဇင်ဘာလ။ ၂၀၀၉ နေ့များတွင် ထိုင်းနိုင်ငံတောင်ပိုင်း တရန်မြို့ ( AWU branch) တွင် အလုပ်သမားအခွင့်အရေးသင်တန်းတခုကိုပြုလုပ်ခဲ့ပါသည်၊။ ၄င်းသင်တန်းတွင် ထိုင်းနိုင်ငံ အလုပ်သမား ကာကွယ်ရေးဥပဒေ ဘီအီး ၂၅၄၁ ။ အလုပ်သမား ဆက်ဆံရေး ဥပဒေ ဘီအီး ၂၅၁၈။ လျော်ကြေးဥပဒေ ဘီအီး ၂၅၃၇ တို့ကို ရှင်းပြဆွေးနွေးခဲ့ပါသည်၊၊ သင်တန်းဆရာအဖြစ်
ရခိုင်အလုပ်သမားများသမဂ္ဂ (ဗဟို မဲဆောက် ) မှ ဥက္ကဌ ခိုင်လမင်းမှသင်တန်းဆရာအဖြစ်ဆောင်ရွက်ပေးခဲ့ပါသည်၊၊ ၄င်းအပြင် အဖွဲ့ဝင်အလုပ်သမားများနှင့် တခြားသော နိုင်ငံရေးဆိုင်ရာအထွေအထွေဗဟုသုတများကို လည်းအပြန် အလှန်ဆွေးနွေးခဲ့ကြပါသည်၊၊ သင်တန်းသား စုစုပေါင်း ၂၀ ယောက်တက်ရောက်ခဲ့ပါသည်၊၊


သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ