AWU ၏ လုပ်ငန်းစဉ်အချို့

Friday, January 22, 2010

အလုပ်သမားလက်မှတ်သက်တမ်း နောက်ထပ် ၂ နှစ် တိုးမြှင့်လိုက်

ဇန်န၀ါရီလ ၁၉ ရက်။ ၂၀၁၀ နေ့တွင်ကျင့်ပသောဝန်ကြီးချုပ် အဘီဆစ် ၀ီဂျာဂျီဝ ဥက္ကဌအဖြစ်အမှးုပြုသော ၀န်ကြီး များအဖွဲ့ အစည်း အဝေးမှ အလုပ်သမားဝန်ကြီးဌါန၏ ထောက်ခံချက်ဖြင့်အောက်ပါအချက်များကို သဘော တူ လိုက် ပါ သည်၊၊ (၁) နိုင်ငံသားစီစစ်ရေးမှု ပြုမူ အချိန်ကာလတိုးမြှင့်ခြင်းနှင့် ၁၈ ရက် ဒီဇင်ဘာ ၂၀၀၈ ခုနှစ် ။ ၂၆ ရက် မေ ၂၀၀၉ ခှုနှစ်၊၂၈ ရက် ဇူလိုင်လ၊ ၂၀၀၉ ခုနှစ်နှင့် ၃ ရက်နိုဝင်ဘာ ၂၀၀၉ နှစ်များတွင်အစိုးရအဖွဲ့ဆုံးးဖြတ်ချက် များ အရ နိုင်ငံအတွင်းသို့ တရားမ၀င်ရောက်လာခဲ့သော်လည်း ၂၀၀၉ ခုနှစ်အတွင်း အလုပ်လုပ်ခွင့် ခွင့်ပြုချက်လက်မှတ် ရရှိပြီးသား မြန်မာ၊ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံခြားသားအလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း တည်ရှိနေ မှုကို ယာယီသက်ညှာခွင့်ပေးအပ်ရန် စုစုပေါင်းအားဖြင့် ၁၃၁၀၆၉၀ တွင် မြန်မာ ၁၀၇၆၁၁၀၊ လာအို ၁၁၀၄၀၆ နှင့် ကမ္ဘောဒီးယား ၁၂၄၁၇၄တို့ဖြစ်ကြသည်။ ဤအထဲမှ ၆၁၅၄၃ ဦးသည် အလုပ်လုပ်ကို်င်ခွင့်သက်တမ်း (၂၀)ရက် ဇန်န၀ါရီ ၂၀၀၉ ခုနှစ် နှင့် ၁၂၄၉၁၄၇ ဦးတို့သည်(၂၇)ရက် ဖေဖေါ်ဝါရီလ ၂၀၀၉ တို့တွင် သက်တမ်း ကုန်ဆုံးမည့်သူများဖြစ်ကြသည်။ ဤသက်တမ်းတိုးမှုကို အသက်ဝင်စေခြင်းအလိုငှာ ဤအလုပ်သမားများသည် နိုင်ငံသားစီစစ်မှုပြုရေး လုပ်ငန်းစဉ်အတွင်းသို့ ပါဝင်လာမည်ဆိုသည့် ရည်မှန်းချက် ဆန္ဒရှိရမည်ဖြစ်ပြီး၊ ဤမှသာလျှင် ၂နှစ်ထက်မပိုသော ကာလအတွက် နေထိုင်ခွင့် ရှိမည်ဖြစ်ပြီး နေရပ်ရင်းသို့ပြန်လည်ပို့ဆေင်ခြင်း မှ ဆိုင်းငံ့ထားမည်ဖြစ်သည်။ ဤသက်ညှာခွင့်ကာလသည် (၂၈)ဖေဖေါ်ဝါရီလ ၂၀၁၂ခုနှစ်တွင် အဆုံးသတ်မည် ဖြစ်သည်။ ဤအလုပ်သမားများသည် ၁၉၇၉ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေအခန်း ၅၄နှင့် ကိုက်ညီရန် မလိုအပ်ပေ။ ဤအလုပ်သမားများသည် (၂၈)ရက် ဖေဖေါ်ဝါရီလ ၂၀၁၀ ခုနှစ်မတိုင်မီ နိုင်ငံသား စစ်ဆေးရေးပြုမှု ပုစံကို ဖြည့်စွက်တင်သွင်း ရမည်ဖြစ်ပြီး နိုင်ငံသားစီစစ်မှု ပြုရေးလုပ်ငန်းစဉ်သည် ပေးအပ် ထားသော အချိန်ကာလဖြစ်သည့်(၂၈)ရက် ဖေဖေါ်ဝါရီလ ၂၀၁၂ ခုနှစ်၌ အမှန်တကယ် ပြီးဆုံးရမည်ဖြစ် သည်။


သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ