AWU ၏ လုပ်ငန်းစဉ်အချို့

Friday, January 22, 2010

မလုပ်မနေရ ပါ့စပိုး လုပ်ခြင်းကြောင့် မိမိနေရပ်ကို ပြန်တဲ့သူများပေမေ့ ထိုင်းနိုင်ငံကို အသစ်ရောက်ရှိလာတဲ့သူများလည်းရှိနေသေး


ထိုင်း- မြန်မာ ယာယီပါ့စပိုးမလုပ်မနေရပြုလုပ်နေခြင်းကြောင့် အလုပ်သမားတွေ မိမိနေရပ်ကိုပြန်တာတော်တော်များလာသလို မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို အလုပ်လုပ်ရန်တက်လာတဲ့သူတွေလည်း အများကြီးရှိ နေ သေးတေ။ ၄င်းကိစ္စနှင့် ပတ်သက်၍ ရခိုင်အလုပ်သမားများသမဂ္ဂ ( ရုံး တာဝန်ခံ) ခိုင်ကိုလတ် ကိုမေး မြန်းကြည့်ရာ သူက
၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖ အစိုးရက နည်းလမ်းမျိုးစုံသုံးပြီး ပြည်သူလူထုကိုစည်းရုံးနေသော်လည်း စစ်မှန်သောလုပ်ရပ်မဟုတ်သောကြောင့် ပြည်သူလူထုမှာ တနေ့ထက် တနေ့ ဒုက္ခဆင်းရဲမှုကိုကြုံတွေ့လာရတေ။ ဒါကြောင့် အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်လေးတွေတောင် မိမိနေရပ်မှ မိဘ ဆွေမျိုး တွေကို စွန့်ခွါပြီး မိမိနိုင်ငံထက်သာတေထင်တဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မလေး၊စင်္ကာပူ စသောနိုင်ငံများသို့ရောက် ရှိလာကြပါတေ။ အေးဒီထဲက ထိုင်းနိုင်ငံကိုရောက်လာတာ လူဦးရေ ၂ သန်းကျော်ထဲမှာ ရခိုင်အလုပ်သမားတွေ တသိန်းနီးပါးလောက်ရှိနေပြီ။ ထိုင်းနိုင်ငံ တာက် ခရိုင် တခုတည်းမှာ တောင် ရခိုင်သူ၊သား ၁ သောင်းနီးပါး လောက်ရှိတေ။ အေးဒီထဲမှာ အသက် ၁၄၊ ၁၅၊ ၁၆ ၊ ၁၈ နှစ်အရွယ် ရခိုင် အမျိုးသမီးလေးတွေဟာ ၂၀၀၇ နောက်ပိုင်း တော်တော်များများရောက်လာကြတာကိုတွေ့ရတေ။ ရခိုင်ပြည်မှ ထွက်တဲ့ ဂတ်စ် ရောင်းအားတခုတည်းက အစိုးရဟာ ၀င်ငွေ အမေရိကန်ဒေါ်လာ သန်းထောင်နဲ့ချီပြီး ရပေမေ့ ရခိုင်ပြည်သူလူထုအတွက်တော့ တနေ့ထက်နေ့အငတ်ဘေးနဲ့ရင်ဆိုင်နေရတေ။ ဖေါင်စီးရင်းရေငတ်နေသလို မျိုးပေါ့။ အေးဒီထဲက ထိုင်းနိုင်ငံ မဲဆောက်မြို့ကိုရောက်လာတဲ့ ရခိုင်ရွှေပြောင်းအလုပ်သမားအများစုကို (AWU) မှ သူတို့၏ ခေတ္တ နေထိုင်။ စားသောက်မှု။ လုံခြုံရေးအတွက်တာဝန်ယူပေးပြီး အလုပ်လွယ်ကူစွာရရှိရေးအတွက် စက်ဆွဲ။ စက်ချုပ်။ ထိုင်စက် ပညာများကို သင်ပေးကာ စက်ရုံ အလုပ်ရုံသို့ပို့ပေးပါသည် ဟု ပြောပါသည်၊၊


သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ