၈ ရက်။ ဇွန်လ ။ ၂၀၀၉ နေ့တွင် ရခိုင်အလုပ်သမားများသမဂ~မှဖွင့်လှစ်ထားသော ရွှေသဇင်စာသင်ကျောင်းကို ဇွန်လ
၈ ရက်နေ့တွင် ၂၀၀၉ - ၂၀၁၀ စာသင်နှစ်အတွက် ပြန်လည်စတင်ဖွင့်လှစ်သင်ကြားခဲ့
ပါသည်။ ကျနော်တို့ကျောင်းတွင် ယခုနှစ် ဆရာ၊ ဆရာမ ၆ ယောက်ရှိပြီး ကျောင်းသူ။ ကျောင်းသားစုစုပေါင်း ၁၀၃ ယောက်ထိတက်ရောက်လျှက ရှိပါသည်။
ကျနော်တို့ကျောင်းသည် ယခုမှ အသစ်စဖွင့်ထားသောကျောင်းဖြစ်သောကြောင့်
လိုအပ်ချက်များစွာနှင့် ပြည့် လျှံနေပါသည်။ ကျောင်းကိုလာတက်သောကျောင်း
သားအများ စုမှာတောင်ယာ၊လယ်တောမှ လာ သောကျောင်းသားများဖြစ်ကြ
ပါသည်၊ သူတို့ဧ၊် မိဘများမှာတနေ့ လုပ်မှတနေ့စားရသောနေ့စားအလုပ်သမား
များဖြစ်ပါသည်၊ ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် ကျောင်းသား ၂၀ ခန့် ကျောင်းပျက်သော
ကြောင့် မေးကြည့်သောအခါ သူတို့မိဘများမှာ အလုပ်အဆင်မပြေသည့်အတွက် ခလေးတွေကိုနေ့လည်စာ ကိုမထည့်ပေးနိုင်သောကြောင့် ခလေးတွေ ကျောင်း ပျက်ခဲ့ရသည်ကိုတွေ့ရှိရပါသည်။ ကျနော်စဉ်း စားမိ တာက ခလေးတွေအတွက် နေ့လည်စာကိုစီစဉ်ပေးနိုင်မည်ဆိုရင် နေ့စဉ်ပုံ မှန်ကျောင်းတက်နိုင်မှာဖြစ်ပါ တယ်။
အခုလို ပတ်ဝန်းကျင်မှာ ခလေးတွေရဲ့အနာဂတ် အတွက် ဒီကျောင်းလေးတစ်ကျောင်း
လောက် ကောင်းကောင်းလည်ပတ်နိုင်မည်ဆိုရင် သိပ်ကောင်းမှာပါ။
AWU ၏ လုပ်ငန်းစဉ်အချို့
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊