AWU ၏ လုပ်ငန်းစဉ်အချို့

Thursday, February 4, 2010

ယာယီပါ့စဖိုးရဲ့ပြဿနာ အိုင်ဂျီအိုများနှင့် အလုပ်သမားအဖွဲ့အစည်းတွေဆွေးနွေး

ဖေဖေါ်ဝါရီလ ၄ ရက်၊ ၂၀၁၀ နေ့တွင် ထိုင်းနိုင်ငံ။ မဲဆောက်မြို့ရှိ ADRA ရုံးတွင် Migrant Working Group အစည်းအဝေးတခုကိုကျင်းပပြုလုပ်ခဲ့ပါ သည်၊၊ ၄င်းအစည်းအဝေးကို ADRA မှ ကမကထလုပ်ကာ ကျင့်ပတာ ဖြစ်ပြီး  IOM/ World Vision/ FED/ AWU/CPPCR/ ALC တို့မှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များစုစုပေါင်း ၂၀ နီးပါးခန့် တက်ရောက်ဆွေးနွေး ကြပါ သည်၊၊ ထိုအစည်းအဝေးမှာထိုင်းနိုင်ငံတွင်ပြုလုပ်နေသော ထိုင်း- မြန်မာ ယာယီပါ့စဖိုး လုပ်ရခြင်း၏ပြဿနာအခြေအနေများကို အဓိကထားဆွေးနွေးကြပါသည်၊၊ နောက်တကြိမ်အစည်းအဝေးကို ထိုင်းနိုင်ငံရှေ့နေများ ၊ဌါနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အလုပ်သမား ရေးရာကိုလုပ်ကိုင်နေသောမဲဆောက်အခြေစိုက်အလုပ်သမားအဖွဲ့အစည်းများ၊ အိုင်ဂျီအိုများ၊ ရွှေပြောင်း အလုပ်သမားများ စုစုပေါင်း ၃၀၀ နီးပါးခန့် ကိုဖိတ်ခေါ်ပြီး ထိုင်း- မြန်မာ ယာယီ ပါ့စဖိုး လုပ်ရခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများကို တိကျစွာရှင်းလင်းသွားမည်ဟုသိရှိရပါသည်၊၊ ၄င်းအပြင် အေးဒီ MMWG ကော်မတီဟာ မဲဆောက်မြို့မှရွှေပြောင်းအလုပ်သမားတွေရဲ့အခွင့်အရေးတွေရရှိရေးအတွက်ဆပ်စပ် ကြိုးစားဆောင်ရွက်သွားမည်ဟုလည်း သိရှိရပါသည်၊၊



သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ