AWU ၏ လုပ်ငန်းစဉ်အချို့

Tuesday, February 23, 2010

ဓာတ်ပုံတွေကနေ ကာတွန်းရုပ်ပြောင်ဖန်တီးပေးမယ့် ဆော့ဖ်ဝဲလေး

Cartoo ဒီကာတွန်းရုပ်ပြောင်ဖန်တီးတဲ့ ဆော့ဖ်ဝဲလေးဟာဆိုရင် အရွယ်အစားသေးငယ်ပေမယ့်
အားရစရာ ကောင်းလှတယ်။ ပျော်စေ ပြက်စေ စတဲ့နောက်တဲ့သဘောနဲ့ဖြစ်စေ
ဓာတ်ပုံတွေကို ရယ်ရွှင်ဖွယ်ရာ ရုပ်ပြောင်တွေအဖြစ် ပြောင်းလဲသွားစေချင်ရင်
မောက်စ်ကိုကစားပြီး ကိုယ်တိုင်ဖန်တီးယူရလိမ့်မယ်။ ဗားရှင်း 6.01
ရောက်တာတောင် graphic tool တွေ သိပ်အများကြီးမပါလာတဲ့အတွက် Distort, Twist
နဲ့ Sketch tool အနည်းငယ်ဟာ ရုပ်ပြောင်ဖန်တီးဖို့ လုံလောက်တယ်ဆိုတာ
ထင်ရှားပါတယ်။ သိထားရမှာက ဒါဟာ ကာတွန်းရုပ်ပြောင် ရေးဆွဲဖို့
ဆော့ဖ်ဝဲမဟုတ်ဘဲ ဓာတ်ပုံနဲ့ တစ်ခြားရုပ်ပုံတွေကို ရယ်ရွှင်ဖွယ်ဖြစ်အောင်
လုပ်ယူနိုင်မယ့် ဆော့ဖ်ဝဲငယ်လေးတစ်ခုသာ ဖြစ်တယ်ဆိုတာပါပဲ။
အဲဒီလိုဖန်တီးဖို့အတွက် jpeg, bmp, wmf, emf ဒါမှမဟုတ် gif
ဖော်မက်နဲ့သိမ်းဆည်းထားတဲ့ ပုံတစ်ခုခုတော့ ရှိရမှာပေါ့။ စိတ်တိုင်းကျ
ပြုပြင်ပြီးလို့် သိမ်းဆည်းတဲ့အခါမှာ ရုပ်ပြောင်ပုံကို မိတ္တူကူးပြီး


သိမ်းပေးမှာဖြစ်တဲ့အတွက် မူရင်းပုံအတွက် ထိခိုက်မှာကို
မစိုးရိမ်ရတော့ဘူးလေ။ ဒေါင်းလုတ်ဖိုင်ထဲမှာ ဆော့ဖ်ဝဲ ပရိုဂရမ်ရော၊ ကီးရော
ထည့်ပေးလိုက်ပါတယ်နော်။





သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ