AWU ၏ လုပ်ငန်းစဉ်အချို့

Tuesday, February 23, 2010

YouTube နှင့် အခြား Website များမှ Video များကို Download လုပ်နည်းပေါင်းမျိုးစုံ

ကိုယ်ကြိုက်တဲ့ နိုင်ငံခြား အနုပညာရှင်တွေရဲ့ သီချင်းတွေကို YouTube
မှတစ်ဆင့်ကြည့်မဲ့သူတွေချည်းပါပဲ ကြည့်ပြီးရင်လည်း
ဒေါင်းလုပ်ကတော့လုပ်ချင်ကြတာချည်းပါပဲ အဲ့ဒါကြောင့် ကြည့်ပဲကြည့်တတ်ပြီး
ဒေါင်းလုပ်လုပ်လို့ မရသူများအတွက်i ရဲ့ Download
လုပ်နည်းလေးတွေကိုမျှဝေပေးလိုက်ရပါတယ်.YouTube Video ကို ဒေါင်းလုပ်
လုပ်နည်းပေါင်းများစွာ ရှိပါတယ်. Software နဲ့ ရော Website တွေနဲ့ ရောနဲ
့ပါ တစ်ခုချင်းစီကို ပြောပြသွားပါမယ်..
အရင်ဆုံး ပြောမှာက အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်.. အဲ့ဒါကတော့




ပုံမှာ ပြထားတဲ့ အတိုင်းလေး website ကပေါ်လာပါလိမ့်မယ် အဲ့ဒါဆို ကိုယ်ဒေါင်းလုပ် လုပ်ချင်တဲ့ Video
ရဲ့  URL ကို ကော်ပီကူးပြီးထည့်ပေးလိုက်ရုံပါပဲ တစ်ခြား အဲ့လို ဆိုဒ်တွေ အများကြီးရှိပါတယ် ဒါပေမဲ့
အဲ့ဆိုဒ်လောက် တစ်ခုမှ အဆင်ပြေတာမတွေ့ သေးလို့ ပါ ဘာလို့ အဆင်ပြေတာလဲဆိုတော့ URL ကိုထည့်ပြီး
Convert and Download ဆိုတာလေးကို နှိပ်လိုက်တာနဲ့  Processing Time ဘယ်လောက်မှ မကြာပဲနဲ့ 
Download ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်.Download လုပ်လို့ ရလာတဲ့ file ဟာလည်း
.mpg ပါ window media player နဲ့ တစ်ခါတည်း တန်းပြီးဖွင့်လို့ ရပါတယ်.
အဲ့ဒါက အရမ်းကိုအဆင်ပြေပါတယ်..
ဒါပေမဲ့ တစ်ချို့ Video တွေကိုတော့ member တွေမှ Download ပေးလုပ်ပါတယ်. Member ၀င်ဖို့ ကတော့
US $ 1 ပေးရပါတယ်. ပြီးတော့ Video နှစ်ခု သုံးခုလောက် တစ်ခါတည်း ဒေါင်းလုပ်ဆက်တိုက်ဆွဲတဲ့အခါ မရတောပြန်ပါဘူး
Guest user: Please wait 24 minutes for your next download there are 8 members in front of you.
Please join now to avoid this delay
Join Now! အဲ့လိုမျိုး error ပေါ်တတ်ပါတယ်....
အဲ့ဒါကျတော့ အဆင်မပြေတော့ပြန်ဘူး အဲ့ဒါဆို နောက်တစ်နည်းပေါ့.
ဒါလေးကတော့ firefox ရဲ့ add-on လေးပါ သုံးရတာ အရမ်းလွယ်ပါတယ်.ဒီမှာ သွားယူလိုက်ပါ
ပြီးရင် ထုံးစံအတိုင်း install လုပ် mozilla restart ကျပြီးသွားရင် ဒီလိုလေး ပေါ်နေပါလိမ့်မယ်


i က Video မဖွင့်ထားလို့ Download button လေးကမှိန်နေတာပါ တကယ်လို့ Video တစ်ခုခု ဖွင့်ထားမယ်
ဆိုရင်တော့ Download button လေးကို နှိပ်လိုက်တာနဲ့ တစ်ခါတည်း Download ဆွဲပေးသွားပါလိမ့်မယ်
ဘယ် Website က Video ကိုမဆို ဒေါင်းလုပ်ဆွဲပေးနိုင်ပါတယ်.
ဒေါင်းလုပ်ဆွဲထားတဲ့ ဖိုင်တွေကိုပြန်ကြည့်ချင်ရင်တော့ ဘေးနားက explore
ဆိုတာလေးကို နှိပ်လိုက်ပါ ဒေါင်းလုပ်လုပ်ထားတဲ့ folder
ထဲကိုရောက်သွားမှာဖြစ်ပါတယ် သူဒေါင်းလုပ်ဆွဲပေးမဲ့ ဖိုင် extension ကတော့
.flv ပါ အဲ့ဒါကတော့ window media player နဲ့ ဘယ်လိုမှ ဖွင့်လို
့မရတော့ပါဘူး တစ်ခြား media player တွေနဲ့ ပဲ ဖွင့်လို့ ရပါတယ်
အဲ့ဒါကျတော့ သိပ်အဆင်မပြေတော့ပြန်ဘူး ဒါပေမဲ့ မပူပါနဲ


ပုံမှာ ပြထားတဲ့အတိုင်းပဲ flv converter လေးတစ်ခုကို သုံးလိုက်မယ်. ကြည့်လိုက်ပါ ပြောင်းပေးနိုင်တဲ့
file type ကလည်း စုံသလားတော့မမေးနဲ့  window media player format ပြောင်းချင်ရင် WMV ဆိုတာလေးကို
နှိပ်လိုက်ပါ အဲ့ဒါဆိုရင် အဆင်ပြေစွာနဲ့ ဖွင့်လို့ ရသွားပါပြီ အဲ့ဒီ converter လေးက portable လေးပါ
ဘယ်လောက်တောင် အဆင်ပြေလိုက်သလဲ ..အဲ့ဒါလေးကိုတော့ဒီမှာသွားဒေါင်းလိုက်ကြပါ
နောက်ဆုံးတစ်ခုကတော့ အားလုံးသိပြီးသား Real Player ပါ အဲ့ Software နဲ့ လည်းဒေါင်းလုပ်ဆွဲလို့ ရပါတယ်
အဲ့ဒါကိုတော့ software site တစ်ခုခုမှာ ရှာကြည့်လိုက်ကြဗျာ. :D တကယ်လို
့Real Player ကို install လုပ်ထားမယ်ဆိုရင်တော့ .flv format video တွေကို
ကြည့်လို့ ရမှာဖြစ်ပါတယ် ဒါပေမဲ့ အဲ့ကောင်ကနည်းနည်း
အလုပ်ရှုပ်လို့ ပါ
ကဲ. ဒီလောက်ဆို အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်
အားလုံး အဆင်ပြေပြေနဲ့  ဒေါင်းလုပ်ဆွဲလိုရာ ကို ဆွဲနိုင်ကြပါစေ ...

သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ