AWU ၏ လုပ်ငန်းစဉ်အချို့

Sunday, February 28, 2010

ရခိုင်မြေတွင် ပထမဆုံး ဖွင့်လှစ်သော ကိုယ်ထူကိုယ်ထ မျက်မမြင် ပညာသင်ကျောင်း



ရခိုင်ပြည်နယ်တွင် ပထမဦးဆုံးသော မျက်မမြင်ပညာသင်ကျောင်းကို စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ကျောင်းကို " မေတ္တာဝတီ " မျက်မမြင်ပညာသင်ကျောင်းဟု ခေါ်တွင်ကြောင်း သိရှိရသည်။
ရခိုင်ပြည်မှ မျက်မမြင်ကလေးငယ်များ၏ စား၊ ၀တ်၊ နေရးနှင့် ကျန်းမာရေး အားလုံးကို တာဝန်ယူသွားမည်ဖြစ်ပြီး မျက်မမြင် လက်စမ်း စူးဖောက်စာပေကို အစိုးရ ပညာရေးကဲ့သို့သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ သင်ကြားပေးမည့်အပြင် အခြားပညာရပ်များဖြစ်သော ဗေဒင်ပညာ၊ နက္ခတ္တပညာ၊ ဂီတ၊ လက်မှုပညာ၊ လက်နှိပ် အကြောပြင်ပညာ (မြန်မာ၊ ဂျပန်) တို့ကို အဓိကထားသင်ကြားပေးသွားမည်ဖြစ်သည်။
ထိုကျောင်းအား အခမဲ့ပညာရေးအဖြစ် အကျိုးဆောင်သွားမည်ဖြစ်သည်။
ကျောင်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်မှာ
(၁) မျက်မမြင်တိုင်း မျက်မမြင်စာ (Braille) တတ်မြောက်စေရန်၊
(၂) မျက်မမြင်တိုင်း ကိုယ်စိတ် ကျန်းမာကြံ့ခိုင်ပြီး ထက်မြက်စေရန်၊
(၃) မျက်မမြင်တိုင်း ကာယစွမ်းအား၊ ဥာဏစွမ်းအား ဖော်ထုတ်မြှင့်တင်ပေးရန် တို့ဖြစ်သည်။
မြန်မာနိုင်ငံတွင် မသန်မစွမ်း သင်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူ (၃၄) ယောက်ရှိခဲ့ရာတွင် ရခိုင်ပြည် ၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာမှ မောင်ကျော်ကျော်ဝင်း တယောက် အပါအ၀င်ဖြစ်ကြောင်း သိရှိရသည်။
မောင်ကျော်ကျော်ဝင်းသည် ယခုအခါ ဥပဒေရေးရာ ဘာသာရပ် ၊ ပထမနှစ် သင်တန်းသားအဖြစ် တက်ရောက်လျှက်ရှိသည်။ သူမှ ဗုဒ္ဓဘာသာမျက်မမြင် သင်တန်းကျောင်း တစ်ခုဖွင့်လိုသည့် ဆန္ဒရှိသဖြင့် စေတနာရှင်များမှ ထောက်ပံ့၍ " မေတ္တာဝတီ " ဟူသော ကိုယ်ထူကိုယ်ထ ဗုဒ္ဓဘာသာ မျက်မမြင် ပညာသင်ကျောင်းကို စစ်တွေမြို့ မဟာကုသလ ဘုန်းကြီးကျောင်းဝင်း
တွင် ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် သီးခြားအဆောက်အဦး ဆောက်လုပ်ပြီး ဖွင့်လှစ်ထားပါသည်။ အဆိုပါကျောင်းသည် စစ်တွေမြို့ရှိ တရားသီးစု ရပ်ကွက်တွင် တည်ရှိသည်။
အဆိုပါကျောင်းမှာ ရခိုင်မြေက မျက်မမြင်ကလေးငယ်များအား အသက် (၆) နှစ်မှ (၂၀) နှစ်အထိ ပညာများကို သင်ကြားပေးသွားမည် ဖြစ်သည်။ ယခုလက်ရှိတွင် ဆရာ၊ ဆရာမ (၃) ယောက်ဖြင့် သင်ကြားပေးသွားမည်ဖြစ်သည်။
ပထမနှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၀) ယောက်လက်ခံမည်ဖြစ်ပြီး ကျောင်းအိပ်၊ ကျောင်းစားအဖြစ် ပညာသင်ကြားကြရမည်ဖြစ်သည်။ ထိုသို့ သင်ကြားပေးနိုင်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျှက်ရှိကြောင်းလည်း သိရှိရပါသည်။ ရခိုင်ပြည်တွင် ရှိသော မျက်မမြင်ကလေးငယ်များ၏ အနာဂါတ်များ သာယာလှပစေရန်အတွက် ကိုယ်ထူကိုယ်ထ မျက်မမြင်ပညာသင်ကျောင်းဖွင့်လှစ်ခဲ့ပြီး၊ အဆိုပါကျောင်း အဓွန့်ရှည် တည်တံ့ခိုင်မြဲရန်အတွက် ရန်ပုံငွေများအား အောက်ပါ အကျိုးတော်ဆောင်အဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။



သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ