AWU ၏ လုပ်ငန်းစဉ်အချို့

Monday, February 15, 2010

ရာဇ၀တ်မှုဖြစ်သော်လည်း ထိုင်းပုလိပ်တွေက ဂရုမစိုက်




ယခုလ ၁၂ ရက်နေ့ ည ၈နာရီလောက်မှာ ဖုတ်ဖရမြို့နယ် ဘန့် စီပေတ် ရွာတွင် ဗမာအလုပ်သမား တယောက်မှ ရခိုင်အလုပ်သမား တယောက်ကို အပြစ်မရှိဘဲ ဓါးဖြင့်ခုတ်လိုက်သောကြောင့် ယခု ၄င်းအလုပ်သမားမှာ ဒါဏ်ရာအသေးအသံရပြီး မဲဆောက်ဆေးရုံ သို့ရောက်ရှိနေကြောင်း AWU မှ နိုင်ငံခြား ဆက်ဆံရေးနှင့် ဆေးဘက်ဆိုင်ရာတာဝန်ခံ ကို ခိုင်မင်းစံမှ ပြောသည်၊၊ 




၎င်းကိစ္စနှင့်ပတ်သက်ပြီင်္းသူ့အားမေးမြန်းကြည့်ရာတွင် သူက ကျနော်တို့ဆီကို ဆက်သွယ်လာတာက ၁၃ ရက် နေ့မှပါ၊၊ ကျနော်တို့လည်း သတင်းရ ရချင်း မဲဆောက်မှ ၄၆ ကီလိုလောက်ဝေးတဲ့ ၄င်းနေရာသို့ သွားခဲ့ကြတယ်၊၊ အေးဒီအချိန်မှာ လူနာက မဲဆောက်အရေးပေါ်ခန်းကိုရောက်နေပြီ၊၊ တရားခံကို ရွာက ရပ်ကွပ်လူကြီးတွေက ဖမ်းထားပေးတေ၊၊ ကျနော်တို့ရောက်သွားတဲ့အချိန်မှာ ပုလိပ်တွေကရောက်နေပြီး၊၊ ဒါပေမေ့ ပုလိပ်တွေကို တရားလိုက တိုင်တာမဟုတ်ဘဲ တရားခံမိန့်မက ငွေပေးပြီးခေါ်လာတေ၊၊ သူယောင်္ကျားကိုဖမ်းထားလို့တဲ့၊၊ ဒီတော့ ကျနော်တို့နှင့် ဆွေးနွေးတဲ့အချိန်မှာ ပုလိပ်က တရားခံကို မဖမ်းဘူးတဲ့၊၊သူတို့က ဒီအမှုကိုလက်မခံဘူးလို့ပြောတေ၊၊  သူကတရားခံဆီမှ ငွေကိုဝါးထားပြီးပြီဆိုတော့ ဘယ်လက်ခံပါ့မလဲ၊၊ အခင်းဖြစ်ပွားပုံက ဓါးခုတ်ခံရတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် နောဝေ ရွာမှ မောင်ခိုင်သန်းမောင်တို့ သူငယ်ချင်း ၄ ဦးဟာ ၀ိုင်းဖွဲ့ပြီး စကားပြောနေကြတေ၊၊ တရားခံ (ဘားအံမြို့ )ကိုထိုက်နီ မှ လူမိုက်အားကိုးနှင့်နောက်မှဝင်ပြီး ဓါးဖြင့်ခုတ်လိုက်တာလို့ပြောတေ၊၊ ရွှေပြောင်းအလုပ်သမားတွေပြဿနာတွေဘယ်လောက်ဘဲဖြစ်နေပါ စေ ထိုင်းအာဏာပိုင် ပုလိပ်တွေကဂရုတစိုက်ပြုလုပ်ပေးမှုမရှိတဲ့အတွက် မြန်မာအလုပ်သမားတွေသေပျောက် မှု တွေများနေရတာပါဟု ဒေသခံ ရခိုင်အလုပ်သမား ကို အောင်စိုးသိန်းက ပြောပါတေ၊၊ ဒီနေမြေမှကျနော်တို့ နေလာတာ ၅ နှစ်လောက်ရှိနေပြီ၊ ခဏခဏ လူသက်မှုတွေဖြစ်တေ၊၊ ဒါပေမေ့ မြန်မာပြည်သားတွေဆိုရင် ထိုင်းပုလိပ်တွေက သတင်းမေးရုံသာမေးပြီး ပြန်သွားကြတေ၊၊ ပြီးခဲ့တဲ့ ၉ လောင်းပြိုင်လူသက်မှုဟာလည်း ဒီနေမြေမှာ ဖြစ်တာဘဲ၊၊ပုလိပ်တွေနှင့် ပုလိပ်ခွေးတွေက ပေါင်းပြီး လုပ်စားနေကြတော့ ကြားက အလုပ်သမား တွေက သူတို့ကိုအမြဲတမ်းကြောက်နေရတေ ဟုသူက ဆက်ပြောပါသည်၊၊





သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ