AWU ၏ လုပ်ငန်းစဉ်အချို့

Tuesday, February 16, 2010

မောင်တောတွင် လက်နက်ကိုင် ဓါးပြတိုက်မူများ ရက်ဆက် ဖြစ်ပွားနေ


နိရဉ္စရာ
2/15/2010
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် လက်နက်ကိုင် ဓါးပြတိုက်မူများ ရက်ဆက် ဖြစ်ပွားနေကြောင်း ဒေသခံ လူကြီးများက နိရဉ္စရာသို့ ပြောကြားသည်။

ဒေသခံ အရပ်လူကြီး တဦးက ခုလူတွေက စိုးရိမ်မူတွေ အရမ်းတိုးပွားနေတယ်။ ဓါးပြတွေက အင်အား နှစ်ဆယ်ခန့် လောက် ပါတယ်။ သေနတ်တွေ ဓါးတွေကို အပြည့် ကိုင်ဆောင်ပီး တိုက်ခိုက်နေတာ ဖြစ်တယ်။ ဒီနေ့ နံနက်ကလည်း အီတလီယာ ကျေးရွာ ဥက္ကဌ နေအိမ်ကို ဓါးပြ ၀င်တိုက်သွားခဲ့ပါတယ်ဟု ပြောသည်။



ဓါးပြ အယောက် ၂၀ ခန့်သည် ယနေ့ နံနက် ၁နာရီခွဲခန့်တွင် မောင်တောမြို့ အနီးရှိ အိမ်တလီယာ ကျေးရွာထဲသို့ ၀င်ရောက်လာပြီး ကျေးရွာ ဥက္ကဌ နေအိမ်အား ဓါးပြတိုက်သွားခဲ့သည်။

နစကတွေက လူထုတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ် မစောင့်ရှောက်နိုင်ဘဲ ဖြစ်နေတာကို တွေ့နေ ရပါတယ်။ သူတို့က ပိုက်ဆံ ရမယ့် နေရာဆိုမှ စိတ်ဝင်စားတယ်။ ခုလို နေရာမျိုးဆို သိပ် အရေး မစိုက်ဘူး။ ပီးတော့ ရဲနဲ့ နစက ဆက်ဆံရေး ကလည်း သိပ်အဆင်မပြေဘူးလို့ သိရပါတယ်။ ဒါကြောင့် ခုလို ဓါးပြတိုက်မူတွေဟာ ရဲနဲ့သာ သက်ဆိုင်တယ်ဆိုပီး နစက တပ်ဖွဲ့က မဆိုင်သလို နေတဲ့အတွက် ခုတလော မောင်တောမြို့နယ်မှာ ဓါးပြတွေ အတော် အတင့်ရဲလာတာကို တွေ့ရပါတယ်ဟု နောက်ထပ် လူကြီး တဦးကလည်း ပြောသည်။

လွန်ခဲ့သော သောကြာနေ့ကလည်း မောင်တော တောင်ပိုင်း မြင်းလွတ်ကျေးရွာတွင် ဓါးပြတိုက်မူ တခု ဖြစ်ပွားခဲ့သည်။ အဆိုတိုက်ခိုက်မူတွင်လည်း ဓါးပြ ၂၀ခန့်ပါဝင်သည်ဟု ဒေသခံတို့က ပြောသည်။

အဆိုပါ ဓါးပြတိုက်မူတွင် ကျပ်ငွေ ၅ သိန်းခန့် ဓါးပြလက်သို့ ပါသွားသည်ဟု သိရသည်။

ဓါးပြတိုက်မှု ဖြစ်ပွားတာက နစက နယ်မြေ() မြင်းလွတ် ကျေးရွာရှိ ဦးမာမတ်တော်ယု နေအိမ်မှာ ဖြစ်ပါတယ်။ ဒေသစံတော်ချိန် ည ၁၁နာရီမှာ ၀င်တိုက်သွားတာ ဖြစ်ပါတယ်။ ဓါးပြတွေဟာ တဘက်နိုင်ငံ ၀င်ရောက် လာတယ်လို့ သိရပါတယ်ဟု အဆိုပါ လူကြီးက ပြောသည်။

ဓါးပြများသည် အိမ်တွင်းသို့ အေးဆေးစွာ ဝင်ရောက် လာပြီး တအိမ်လုံးကို မွှေနှောက် ရှာဖွေကာ ကျပ်ငွေ ၃သိန်းနှင့် တခြား အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများ ကာလပေါက်ဈေး ၂သိန်း ကျပ်ဖိုးခန့်ကို ယူဆောင်သွားခဲ့သည်။

အဆိုပါ ဓါးပြတိုက်မှုဖြစ်ပွား ပြီးနောက် အာဏာပိုင်များမှ မောင်တောမြို့နယ် နယ်မြေ() အနီးတဝိုက်ရှိ တောင်ကြော လမ်းများကို ပိတ်ဆို့ ပြီး ဓါးပြများကို အပူတပြင်း လိုက်ရှာဖွေသော်လည်း တစုံတဦးကိုမှ ဖမ်းဆီး ရမိခြင်း မရှိကြောင်း သိရသည်။

လွန်ခဲ့သော ဇန္နဝါရီလ ၁၂ရက်နေ့ကလည်း ဓါးပြများသည် ဧည့်စာရင်းစစ်သူ နစက ကဲ့သို့ အယောင်ဆောင်ပြီး မောင်တောမြို့ပေါ်တွင် ဓါးပြတိုက်မှုတခုကို ကျူးလွန်ခဲ့ကြသည်။ အဆိုပါ ဓါးပြတိုက်မူတွင် ဓါးပြများ သေနတ်ဖြင့် ပစ်ခတ်မူကြောင့် လူငယ် တဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပြီ်း ဆေးရုံကို တင်ပို့ခဲ့ရသည်။

ယခုကဲ့သို့ ဓါးပြများ သောင်းကျန်းနေမူကြောင့် နယ်စပ်ဒေသတွင် နေထိုင်သူ ပြည်သူများမှာ ခရီးသွားလာရာမှ အစ နေအိမ်များတွင် နေထိုင်ရာတွင် အထူးသတိထားပြီး နေထိုင်နေကြရသည်ဟု အရပ်လူကြီးများက ပြောသည်။




သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ