AWU ၏ လုပ်ငန်းစဉ်အချို့

Sunday, February 21, 2010

ရခိုင်ဒေသဓါတ်ငွေ့ ပိုက်လိုင်းတွင်အိန္ဒိယ တိုးချဲ့

ရခိုင်ကမ်းလွန်ဒေသ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်းတွင် ထပ်မံရင်းနှီး မြှုပ်နှံမှု ပြုလုပ်ရန် အိန္ဒိယ အစိုးရက အိန္ဒိယ ကုမ္ပဏီ ၂ ခုကို ခွင့်ပြု လိုက်ကြောင်း ယမန်နေ့က ထုတ်ဝေသည့် Wall Street ဂျာနယ်တွင် ဖော်ပြထားသည်။

ရေနံ နှင့်သဘာဝ ဓာတ်ငွေ့ ကော်ပိုရေးရှင်း (ONGC)က ဒေါ်လာ ၈၃၂. ၅၄သန်း၊ အိန္ဒိယ အစိုးရပိုင်သဘာဝ ဓာတ်ငွေ့ နှင့် သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ (GAIL)က ဒေါ်လာ ၅၀၂ သန်း ထပ်မံ
ရင်းနှီးမြှုပ်နှံခွင့် ရမည် ဖြစ်သည်။

စီမံကိန်းတွင် ONGCက ဒေါ်လာ ၁၆၇.၈၄ သန်း၊ GAILက ဒေါ်လာ ၈၃.၈၈ သန်း ရင်းနှီးမြုပ်နှံပြီး ဖြစ်သည်။

ထွက်ရှိမည့် အကျိုးအမြတ်ကို ONCGကုမ္ပဏီက ၈.၃၅ ရာခိုင်နှုန်း၊ GAILက ၄.၁၇ ရာခိုင်နှုန်း ရရှိမည်ဟု ဆိုသည်။

ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ကျောက်ဖြူဆိပ်ကမ်းမှ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်  တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ နန်နင်းပြည်နယ်တို့ကို ပို့ဆောင်မည်ဖြစ်သည်။

၂၈ဝ၆ ကီလိုမီတာရှည်လျားမည့် ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ ဒေသများတွင် လယ်ယာမြေသိမ်းယူမှုများ၊ အတင်း အဓမ္မ ရွှေ့ပြောင်းမှုများ စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်အစိုးရ ကျူးလွန်နေကြောင်း၊ အိန္ဒိယက ထိုသို့ ကျူးလွန်နေသည့် စစ်အစိုးရနှင့် စီးပွားရေးအရ ဆက်ဆံမှုများ ပြုလုပ်နေခြင်းသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ ဟူသော ဂုဏ်သိက္ခာနှင့် မညီညွတ်ကြောင်း ပိုက်လိုင်းတည်ဆောက်ရေးကို စောင့်ကြည့်နေသည့် ရွှေဂက်စ်လှုပ်ရှားမှု (Shwe Gas Movement) အဖွဲ့မှ ဦးဝင်းအောင်က ထောက်ပြ ဝေဖန်သည်။

ရခိုင်ကမ်းလွန်  A1 နှင့် A3 တူးဖော်ရေး လုပ်ကွက်များမှ ဓာတ်ငွေ့ ၀ယ်ယူခွင့်ကို တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် China National Petroleum Corporation (CNPC) က ရရှိထားသည်။

ပိုက်လိုင်းတည်ဆောက်ရေးတွင် တောင်ကိုရီးယားနိုင်ငံမှ ဒေ၀ူး အင်တာနေရှင်နယ် ကုမ္ပဏီက ၅၁ ရာခိုင်နှုန်း၊ ONCGက ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း (MOGE) က ၁၅ ရာခိုင်နှုန်း၊ ကိုရီးယား ဂက်စ်ကော်ပို ရေးရှင်းက ၈.၅ ရာခိုင်နှုန်း၊ GAIL က ၈.၅ ရာခိုင်နှုန်း အစုရှယ်ယာ ၀င်ထားကြသည်။

(ဧရာဝတီ)
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ