AWU ၏ လုပ်ငန်းစဉ်အချို့

Sunday, February 21, 2010

ရွှေပြည်သာတွင်လည်းအလုပ်သမားများဆန္ဒပြ

E-mail Print
ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်၊ ကနောင် မင်းသားကြီး လမ်းရှိ စက်မှုဇုန် (၁) ရက်စ်တူး အထည်ချုပ် စက်ရုံမှ အလုပ်သမား ၄၀၀ ခန့်က အလုပ်သမား ရပိုင်ခွင့်များ အတွက် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဆန္ဒပြ တောင်းဆိုကြသည်။

ဆန္ဒပြသည့် အကြောင်းရင်းများတွင် ကျန်းမာရေး မကောင်းသဖြင့် အလုပ်မဆင်းနိုင်လျှင်ပင်
အလုပ်သမားတို့က ဒဏ်ငွေ ပေးဆောင်နေရသည့် အချက်လည်း ပါဝင်သည်ဟု ဆိုသည်။

“တရက် အလုပ် ပျက်ရင်၊ နေမကောင်းလို့ ပျက်ကွက်ခဲ့ရင်တောင် ၂၀၀၀ ဖြတ်တယ်” ဟု ဆန္ဒပြနေကြသည့် အလုပ်သမားများနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

“တောင်းဆိုတဲ့ အချက် တွေကတော့ ၆ ချက်လောက်ရှိတယ်” ဟု သူက ဆိုသည်။

ညနေ ၄ နာရီအချိန်၌ လူစုခွဲလိုက်သည်ဟု သူက ပြောသည်။

အာဏာပိုင် အဖွဲ့အစည်းများ ရောက်ရှိသွားပြီး အလုပ်သမားများ ဆန္ဒပြရခြင်း အကြောင်းရင်းကို မေးမြန်းခဲ့ကြောင်း၊ စက်ရုံအနီးတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။ အင်အားသုံး ဖြိုခွင်းသည့် သတင်းများ ထွက်ပေါ် လာခြင်း မရှိပေ။

ယခုလအတွင်း ရန်ကုန်မြို့ရှိ စက်ရုံ အများအပြားတွင် အလုပ်သမား အခွင့်အရေး ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ပေါ်ပေါက်ခဲ့သည်။

ယမန်နေ့က အင်းစိန် မြို့နယ်မှ SKY အထည်ချုပ် စက်ရုံ အလုပ်သမားများက လစာတိုးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့သည်။  အလုပ်ရှင်က လစာ ကျပ် ၅၀၀၀ တိုးပေးမည်ဟု ဆိုသဖြင့် ထိုဆန္ဒပြမှု ရပ်ဆိုင်းသွားသည်။

လှိုင်သာယာရှိ စက်ရုံတချို့တွင်လည်း လုပ်ခလစာ တိုးရေးအတွက် တောင်းဆို ဆန္ဒပြမှုများ ယခင်တပတ်က ပေါ်ပေါက်ခဲ့သည်။

ရန်ကုန်မြို့ရှိ စက်ရုံအလုပ်သမားတဦး၏ အနိမ့်ဆုံးလစာမှာ ကျပ်နှစ်သောင်း (ဒေါ်လာ ၂၀) ၀န်းကျင် ဖြစ်သည်ဟု သိရသည်။

( ဧရာဝတီ)


သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ