AWU ၏ လုပ်ငန်းစဉ်အချို့

Wednesday, February 24, 2010

Google ရဲ့မြန်နှုန်းမြင့် broadband အစီအစဉ်အသစ်။

နာမည်ကျော် search engine တစ်ခုဖြစ်တဲ့ Google ဟာ အင်တာနက်ကို gigabit နှုန်းဖြင့် home business အပါအ၀င် လူသန်းပေါင်းများစွာ အသုံးပြုနိုင်စေမယ့် မြန်နှုန်းမြင့် broadband
ကွန်ရက်ကို စမ်းသပ်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

ွGoogle ရဲ့ ထုတ်လုပ်မှုမန်နေဂျာများဖြစ်တဲ့ Minnie Ingersoll နဲ့ James Kelly တို့ရဲ့ GOOG ဘလော့ဂ်တွင်ဖော်ပြချက်အရ အဆိုပါ မြန်နှုန်းမြင့် broadband ကွန်ရက်ကို အမေရိကန်နိုင်ငံရှိ
နေရာအချို့တွင် စမ်းသပ်အသုံးပြုလျက်ရှိပြီး လက်ရှိအမေရိကန်တွင်
အသုံးပြုနေတဲ့ 1Gbps ထက် အဆ ၁၀၀ ပိုမိုမြန်ဆန်ကြောင်း သိရပါတယ်။ Google ဟာ
အဆိုပါကွန်ရက်ကို အနည်းဆုံး လူငါးသောင်းမှ အများဆုံးလူငါးသိန်းအထိ
စမ်းသပ်ဝန်ဆောင်မှုပေးရန် စီစဉ်လျက်ရှိပြီး မျိုးဆက်သစ် application များ
ဖွံ့ ဖြိုးတိုးတက်ရန်အတွက် မြှင့်တင်ခြင်း၊ ဖိုက်ဘာကွန်ရက်ထက်
ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းသစ်ကိုရှာဖွေခြင်း စတဲ့ရည်ရွယ်ချက်များ
ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါမြန်နှုန်းမြင့် broadband
ကွန်ရက်ဟာ high-definition ဗီဒီယို
တစ်ကားလုံးကို ငါးမိနစ်အတွင်း download ပြုလုပ်ပေးနိုင်ပြီး 3D streaming, telework နဲ့ telepresence များကိုလည်း အသုံးပြု
နိုင်စေမှာဖြစ်ကြောင်း Google မှပြောကြားခဲ့ပါတယ်။


သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ