AWU ၏ လုပ်ငန်းစဉ်အချို့

Friday, March 19, 2010

ဇင်ဘာဘွေ အခြေအနေနှင့်သူတို့သုံးတဲ့ငွေ

ကြည့်ရတဲ့မြင်ကွင်းကတော့စိတ်မချမ်းသာစရာဘဲ။ ဆင်ထီးကြီးတစ်ကောင် လဲကျသေဆုံးနေတာကို ဇင်ဘာဘွေသားတွေ ဝိုင်းပြီးအမဲ
ဖြတ်နေတာဘဲဖြစ်ပါတယ်။ ရွာသားအယောက် ၁ဝဝ လောက်ဟာ Gonarezhou
အမျိုးသားဥယာဉ်မှာ သေနေတဲ့ ဆင်ကို တောခုတ်ဓါး၊ ပုဆိန်၊ ဓါးအမျိုးတို့ကို
အသုံးပြုကာ စားဖို့အတွက်လာရောက်ခုတ်ဖြတ်ကြတာဖြစ်ပါတယ်။ အမြင့် ၁၃ပေ
အလေးချိန် ၆တန်လောက်ရှိတဲ့ စတင် အမဲဖြတ်ပြီး ဆင်ဟာ ၁နာရီနှင့် ၄၇
မိနစ်အကြာမှာတော့ အရိုးဘဲကျန်ရှိပါတော့တယ်။ ၂၄ နာရီကြာချိန်မှာတော့ အသက် ၇ဝ
ရှိပြီးဖြစ်တဲ့ ဆင်ထီးကြီးရဲ့ အရိုးတွေကို စွတ်ပြုတ်လုပ်သောက်ဖို့
ယူသွားကြပါတယ်။ ဇင်ဘာဘွေရဲ့ သမ္မတကြီးကတော့ ရောဘတ်မူဂါဘီဘဲ ဖြစ်ပါတယ်။
မူဂါဘီဆိုတာကတော့ ကမ္ဘာနာမည်ကြီး ၁ဝ ယောက်ထဲမှာ



ထိပ်ဆုံးကနေရာယူထားသူဖြစ်ပါတယ်။ ရွှေပြည်တော်က အဘ ထက် အဆင့်(၃)ဆင့်သာသူဖြစ်ပါတယ်။ ဇင်ဘာဘွေနိုင်ငံမှာရှိတဲ့
လူဦးရေရဲ့ လေးပုံတစ်ပုံဟာ ငတ်မွတ်ခေါင်းပါးမှု့ကြောင့် အရေးပေါ် အစားအစာ
လိုအပ်နေပါတယ်။

၁၉၈ဝ အချိန်တုန်းက ဇင်ဘာဘွေ တစ်ဒေါ်လာဟာ အမေရိကန်ဒေါ်လာ ၁.၄၇ နှင့်ညီမျှပါတယ်။ အမေရိကန်ဒေါ်လာထက် ဈေးနှုန်းပိုပြီး
မြင့်တယ်လို့သိရပါတယ်။ အခုအချိန်မှာတော့ အမေရိကန် တစ်ဒေါ်လာဟာ ဇင်ဘာဘွေဒေါ်လာ
၄၆၇၂၆၃၄၆၁ဝ.ဝဝ တန်ဖိုးခြင်းညီမျှနေပါတယ်။ ဒါကတော့ သမ္မကြီး ရောဘတ်မူဂါဘီ
ရဲ့ တိုင်းသူပြည်သားများအားလုံး ဂဏာန်း အတွက်အချက် ကျွမ်းကျင့်အောင်
ဖန်တီးပေးထားတာဘဲဖြစ်ပါတယ်။







ဒီလိုတန်ဖိုးကြီးပိုက်ဆံတွေကို
နေတိုင်းအသုံးပြုနေရတော့လည်း အတွက်အချက် ကျွမ်းကျင်တာပေါ့






ကျွန်တော် ဒီခလေးအရွယ်တုန်းက သူလောက်
အတွက်အချက်မကျွမ်းဘူးဆိုတာ ဝန်ခံပါတယ်။







အတွက်အချက်ညံ့လို့ကတော့ ကြက်ဥပါ ဝယ်မရဘူးနော်။ ကြက်ဥ
သုံးလုံးတန်ဖိုး ဘယ်လောက်လဲ တွေ့တယ်မဟုတ်လား






ဒီနှစ်ယောက်ကတော့ ယခုလက်ရှိကမ္ဘာပေါ်မှာ
သျှန်းသျှန်းတောက် နာမည်ကြီးနေတဲ့ ဇင်ဘာဘွေသမ္မတကြီး

ရောဘတ်မူဂါဘီနဲ့ အီရန်သမ္မတ တို့ဘဲဖြစ်ပါတယ်။



သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ