AWU ၏ လုပ်ငန်းစဉ်အချို့

Friday, March 19, 2010

ရန်ကုန်မြို့လယ်တွင် တိုက်ပြိုကျ၊ တဦး သေဆုံး

ရန်ကုန်မြို့လယ်ရှိ သက်တမ်းရင့် သုံးထပ်တိုက် တလုံး ယမန်နေ့ ညနေပိုင်းက
နှစ်ကြိမ် ပြိုကျခဲ့မှုကြောင့် အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး လူ ၉ ဦးခန့်
ဒဏ်ရာ ရသွားကြောင်း သတင်း ရရှိသည်။



ပြိုကျသွားသည့် ကိုလိုနီခေတ်လက်ရာ အဆောက်အအုံနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများ (ဓာတ်ပုံ - ဧရာဝတီ)





ညနေ ၄ နာရီက ပြိုကျခဲ့သည့် ပန်းဘဲတန်း မြို့နယ် လမ်း ၃၀ (အောက်ဘလောက်) ရှိ ထို အဆောက်
အအုံ အပျက်အစီးများ အောက်တွင် ပိတ်မိနေသော အသက် ၁၅ နှစ်အရွယ်
မမျိုးပပဇော်သည် သူနှင့်အတူ ရှိနေသည့် လက်ကိုင်ဖုန်းဖြင့် ပြင်ပသို့
ဆက်သွယ် ခဲ့ကြောင်း သိရသည်။

“ကလေးက ဖုန်းနဲ့ သူ့အဖေကို လှမ်းခေါ်ပြီး ကယ်ဖို့ အကြောင်း ကြားတယ်။ ကယ်ဖို့၊ ကြိုးစားဖို့ လုပ်ရင်းနဲ့ အပေါ်ကနေ
သံချောင်းတွေ၊ မှန်တွေနဲ့ အုတ်ကျိုး အုတ်ပဲ့တွေ ထပ်ပြီး ပြိုကျလာလို့
လူတွေ ထပ်ထိ ကုန်တယ်” ဟု ၂၉ လမ်းတွင် နေထိုင်သူ တဦးက ဧရာဝတီကို ပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက ပစ္စည်းကိရိယာ မပါဘဲ အပျက်အစီးများကို လက်ဖြင့် ၂
နာရီကျော်ကြာ ရှင်းလင်း ဖယ်ရှားခဲ့သည်။ ည၇ နာရီ ၁၅ မိနစ်တွင် ပြိုကျမှု
ထပ်မံ ဖြစ်ပွားခဲ့သည်။





နောက်ပိုင်းတွင် ၀န်ချီစက်ကြီးများ ရောက်လာပြီး အပျက်အစီးများကို ဖယ်ရှားကာ
ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့ရာ ည ၉ နာရီ ၈ မိနစ်တွင်
ကွယ်လွန်သူ မမျိုးပပဇော်ကို တွေ့ရှိခဲ့သည်။

ပြိုကျသွားသည့် ထို သုံးထပ်တိုက်မှာ နှစ်ပေါင်း ၇၀ ကျော် သက်တမ်း ရှိနေပြီး စည်ပင်သာယာရေး
ကော်မတီက အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ထားကြောင်း၊ မတ်လ ၂ ရက်
နေ့တွင် ထိုအဆောက်အအုံ ဖျက်သိမ်းရန် အမိန့်စာ ကပ်ထားခဲ့သော်လည်း
မိသားစုများက ပြောင်းရွှေ့ခြင်း မပြုခဲ့ကြောင်း မြို့တော်စည်ပင်
အရာရှိများထံမှ သိရသည်။

ထိုအဆောက်အအုံသည် မြန်မာ့ အာမခံ လုပ်ငန်းရုံး ရှေ့တွင် တည်ရှိပြီး အောက်ဆုံးထပ်တွင် လက်ဘက်ရည်ဆိုင်၊
ပထမထပ်တွင် မန္တလေးအသင်းတိုက်၊ ရတနာပုံ အနုပညာပြခန်းတို့ ရှိသည်။
တိုက်ပြိုကျချိန်သည် တနင်္ဂနွေနေ့ လုပ်ငန်းများ ပိတ်ရက်ဖြစ်ပြီး လူအသွားအလာ
နည်းပါးသည်ဟု ဒေသခံများက ပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထဲတွင် မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ဒေသခံများ ပါဝင်သည် (ဓာတ်ပုံ - ဧရာဝတီ)

အန္တရာယ် ရှိသည်ဟု သတ်မှတ် ထားသည့် ထိုအဆောက် အအုံ ရုတ်တရက် ပြိုကျ သွားခြင်းမှာ မော်တော်
ယာဉ်များ ဖြတ်သန်း မောင်းနှင် ရာမှ ပေါ်ထွက် လာသော တုန်ခါမှု များကြောင့်
ဖြစ်ဖွယ် ရှိသည်ဟု ဒေသခံများက ခန့်မှန်း ကြသည်။

ရန်ကုန်တွင် မကြာသေးမီ နှစ်များ အတွင်း ဆောက်လုပ် ခဲ့သည့် အထပ် မြင့်တိုက် အများ
အပြားသည် ငလျင် လှုပ်သည့်အခါ ပြိုကျနိုင်ဖွယ် ရှိကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင် ခဲ့သည့် အင်ဂျင်နီယာ တဦးက ပြောသည်။

“တိုက်ဆောက်ရင် အရည်အသွေး စစ်ဆေးတဲ့ အပိုင်းကို အစိုးရက ဖိဖိစီးစီး မလုပ်နိုင်ဘူး။
ကန်ထရိုက် တွေကလည်း အရည် အသွေးပိုင်း စစ်ဆေးတဲ့ စည်ပင် အရာရှိတွေကို
လာဘ်ထိုးပြီး စိတ်ကြိုက် ကုန်ကျစရိတ် လျှော့ဆောက်တာ ဖြစ်တဲ့ အတွက် အရမ်းကို
အန္တရာယ် ကြီးပါတယ်” ဟု သူက ရှင်းပြသည်။

အသုံးပြုသော ဘိလပ်မြေ၊ သံချောင်းများမှာ သတ်မှတ်ထားသည့် စံ၊ အရည်အသွေး မရှိသောကြောင့်
အန္တရာယ်ကြီးသည့် အဆောက်အအုံများဖြစ်သည်ဟု ထိုအင်ဂျင်နီယာက ပြောသည်။



သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ