AWU ၏ လုပ်ငန်းစဉ်အချို့

Sunday, March 21, 2010

ပြည်ထောင်စု ဖြိုခွဲသူ ဒို့ ရန်သူ။ ဘုံရန်သူ နအဖကို ချေမှုန်းကြ။



- လက်နက်ကိုင်တိုက်ပွဲနဲ့  တော်လှန်နေကြတဲ့ တိုင်းရင်းသားအင်အားစုအဖွဲ့ တွေအကြား အဖွဲ့ တွင်အကြားမှာ ချစ်ခင်စည်းလုံးမှုကို ဖျက်ဆီးဖို့ အတွက် အာဏာရူးတွေဟာ သွေးထိုးမြှောက်ပင့်ခြင်း၊ အခွင့်အရေးများ မက်လုံးပေးခြင်း အစရှိတဲ့ ဖြိုခွဲခြင်းနည်းတွေသုံးပြီး လုပ်ခဲ့ကြတယ်။ အာဏာရူးတွေရဲ့  လှည့်ကွက်နဲ့  ကောက်ကျစ်တဲ့ ဟန်ဆောင်စကားတွေ မူယာများတဲ့ အပြုံးတွေ မစစ်မှန်တဲ့ သဘောတူညီချက်တွေ အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ ပေးကမ်းချီးမြှင့်မှုတွေကို ရိုးသားစွာနဲ့  စစ်မှန်တဲ့ တွေ့ ဆုံဆွေးနွေးမှု ဘ၀လုံခြုံသာယာမှုရှိစေမယ့် ငြိမ်းချမ်းရေးတို့ကိုလိုလားကြတဲ့ တိုင်းရင်းသားပြည်သူတွေဟာ ယုံကြည်မိလို့ အခုဆိုရင် တိုင်းရင်းသားပြည်သူတွေ အချင်းချင်း စိတ်ဝမ်းကွဲကြရပြီး မလိုလားအပ်တဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ကြုံတွေ့ရင်ဆိုင်နေကြရတယ်။ ဒီလို တိုင်းရင်းသားပြည်သူတွေရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ဖြစ်ရတဲ့ တရားခံကတော့ မြန်မာပြည်ကို မတရားအုပ်စိုးနေတဲ့ အာဏာရူးတွေကြောင့်ဘဲ ဖြစ်တယ်။ မြန်မာပြည်ရဲ့  တိုင်းရင်းသားညီအကိုမောင်နှမ အားလုံးရဲ့  ဘုံရန်သူဟာ လက်ရှိ အာဏာရူး နအဖဘဲ ဖြစ်တယ်။ ဒီအာဏာရူးတွေ မတရားစိုးမိုးချယ်လှယ်ခဲ့တဲ့အချိန်က စပြီး ကျွန်တော်တို့  ပြည်ထောင်စုမှာ ပြည်ထောင်စုရဲ့  သွေးသားအရင်းတွေ ဖြစ်ကြတဲ့ တိုင်းရင်းသားပြည်သူအပေါင်းတို့ရဲ့ သွေးစည်းညီညွှတ်မှုတွေ ထိခိုက်နစ်နာခဲ့ရတယ်။

နအဖအာဏာရူးဟာ ပြည်ထောင်စုနေ့  ဖေဖေါ်ဝါရီ (၁၂) နေ့ဆိုပြီး အမြင်ကောင်းအောင် အခမ်းအနားကြီးတွေနဲ့ စီစဉ်ကျင်းပနေပေမယ့် မြန်မာပြည်တစ်ဝှမ်းမှာ အထူးသဖြင့် ဝေးလံတဲ့ နေရာေးသတွေမှာ မှီတင်းနေထိုင်ကြရတဲ့ တိုင်းရင်းသားပြည်သူတွေကတော့ နေ့ စဉ်နဲ့ အမျှ ဘ၀အသက်ပျက်ဆီးရတဲ့အထိ အခက်အခဲ ဒုက္ခပေါင်းစုံနဲ့  ခံစားနေကြရတယ်။ - တိုင်းရင်းသားပြည်သူတွေရဲ့  နေထိုင်ရာ အိုးအိမ်စည်းစိမ်တွေ ဖျက်ဆီးခံနေရတယ်။ ဆင်းရဲနွမ်းပါးစွာနဲ့  တည်ဆောက်နေထိုင်နေရတဲ့ ရွာတွေ တဲအိမ်တွေကို အာဏာရူးတွေရဲ့လက်ပါးစေတွေက မီးရှို့ ဖျက်ဆီးနေကြတယ်။ ကျေးလက်ဒေသက ရွာတွေကို နအဖအာဏာရူးတွေ တည်ဆောက်နေတဲ့ စီမံကိန်းတွေ လမ်းတွေအတွက် အတင်းအဓမ္မ နေရာဖယ်ရှားခံနေရတယ်။

- တိုင်ရင်းသားပြည်သူတွေရဲ့  ဘ၀အသက်အန္တရာယ်တွေကို စက္ကန့် နဲ့ အမျှ စိုးရိမ်ကြောက်လန့်  ပူပန်နေရတဲ့ ရိုက်ပုတ်ထုထောင်းခံရခြင်း၊ နှိပ်စက်ညှဉ်းပမ်းခံရခြင်း၊ သတ်ဖြတ်ခံရခြင်းတို့ကို နအဖအာဏာရူးတွေရဲ့ သေနတ်ပြောင်းဝအောက်မှ ရင်ဆိုင်နေကြရတယ်။

တိုင်းရင်းသားပျိုဖြူတွေမကဖူး အသက်အရွယ် မရောက်သေးတဲ့ ကလေးသူငယ် မရှောင် အိုမင်းမသန်မာတော့တဲ့ သက်ကြီးရွယ်အို မရှောင် နအဖအာဏာရူးလက်ပါးစေတွေရဲ့ တဏှာရာဂနဲ့ အဓမ္မကျင့်မှုအောက်မှာ ကြေလွင့်ရရုံတင်မက အသက်ပါ မချန် ရမ်းကားမိုက်ရိုင်းလွန်းတဲ့ လူယုတ်မာတွေကြောင့် ဘ၀လည်းပျက် အသက်လည်း ထွက်ကြရတယ်။

- စစ်မြေပြင်နေရာဒေသမှာ မိုင်းရှင်းတဲ့အနေနဲ့  လူသားမိုင်းလို့  ဆိုတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အသက်ကို ဖက်တစ်ရွက်လောက်တောင် တန်ဖိုးမထားဘဲ ရက်စက်စွာ ခိုင်းစေပြီး ရှေ့ကနေလျှောက် လှမ်းခိုင်းလို့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကြေမွပြီးဒုက္ခိတဘ၀ရောက် အသက်ပါပျောက်ကြရတဲ့ တိုင်းရင်းသားတိုင်းရင်းသူတွေ မရေတွက်နိုင်လောက်အောင် ဘ၀ဆိုးတွေ ရင်ဆိုင်နေကြရတယ်။ ကျွန်တော်တို့တိုင်း ရင်းသားပြည်သူတွေရဲ့ ဘ၀ကိုရက်ရက်စက်စက် ဖျက်ဆီးပစ်နေတဲ့ နအဖအာဏာရူးတွေရဲ့ ယုတ်မာပက်စက်မှု တွေကြောင့်ဒီလိုကြေကွဲ ၀မ်းနည်းဖွယ် ကောင်းရတဲ့ ဘ၀ဆိုးတွေကို ကျွန်တော်တို့မြင်တွေ့ခံစား ကြရပါတယ်။

နအဖအာဏာရူးတွေရဲ့ လက်အောက်မှာ ပြည်ထောင်စုနေ့ရဲ့ အနှစ်သာရက ဘယ်မှာလည်း၊ ပြည်ထောင်စု စိတ်ဓါတ်ဆိုတာ ဘယ်မှာလည်း၊ ပြည်ထောင်စုတည်မြဲရေးဆိုတာဘယ်မှာလည်း၊ ပြည်ထောင်စုရဲ့အကျိုး ခံစားမှုဆိုတာ ဘယ်မှာလည်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေရဲ့ ဘ၀လုံခြုံမှုနဲ့ သာယာအေးချမ်း ဖွံ့ ဖြိုးတိုးတက်မှုဆိုတာ ဘယ်မှာလည်း။ နအဖအာဏာရူးတွေရဲ့ဝါဒဖြန့် ပြည်ထောင်စုနေ့အခမ်းအနားတွေ၊ မက်လုံးပေး ဆွဲဆောင်ဖြားယောင်း စည်းရုံးမှုလုပ်နေတဲ့ ပြည်ထောင်စုစကား အရေးအသားတွေ၊ တိုင်းရင်းသားတွေအကြား သွေးခွဲနေတဲ့ လုပ်ရပ်တွေသာ ရှိနေပါတယ်။

ကျွန်တော်တို့တိုင်းရင်သားပြည်သူတွေအားလုံးဟာ အမှန်တကယ် စစ်မှန်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်ကြမယ်၊ တိုင်းရင်းသားပြည်သူတွေရဲ့အသက်အန္တရာယ် လုံခြုံစိတ်ချရတဲ့ ဘ၀တွေ ပိုင်ဆိုင်လိုကြတယ်၊ အာမခံရှိတဲ့ ခိုင်မြဲတဲ့ သာယာအေးချမ်းတဲ့ သွားလာစားသောက် နေထိုင်ရေးကို လိုလားကြတယ်၊ အမှန်တကယ်တိုးတက်ဖွံ့ဖြိုးတဲ့ လုမှုဖူလုံရေး ပညာရေး ကျန်းမာရေး သက်မွေးဝမ်းကြောင်း လုပ်ကိုင်နိုင်ရေးတို့ကို ပိုင်ဆိုင်လိုကြတယ်ဆိုရင်တော့ - - တိုင်းရင်းသားပြည်သူအားလုံးရဲ့ ဘုံရန်သူ အာဏာရူးနအဖကိုသာ ဦးတည်ထားပြီး တော်လှန်တိုက်ခိုက်ကြပါ။

- တိုင်းရင်းသားပြည်သူတွေအချင်းချင်း စိတ်ဝမ်းကွဲပြားမှုတွေကို ရှောင်ရှားကြပြီး အာဏာရူးနအဖရဲ့ လှည့်ဖြားမှုတွေ ဖြားယောင်းမှုတွေ မက်လုံးပေးမှုတွေအောက် ရောက်ရှိနေရင် ရုန်းထွက်ကြပါ။ - နအဖရဲ့  သွေးခွဲမှုကြောင့် တိုင်းရင်းသားပြည်သူအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေရမှုတွေကို ဘုံရန်သူ အာဏာရူးနအဖဘက် လှည့်ပြီး ဦးတည်တော်လှန်ကြပါ။ ပြည်ထောင်စုကို ပြိုကွဲစေဖို့ ဖြိုခွဲနေတဲ့သူဟာ အာဏာရူးနအဖဘဲဖြစ်တယ်။


-


ကျွန်တော်တို့ အားလုံး လက်တွဲစုစည်းကြကာ ပြည်ထောင်စုကို ဖြိုခွဲနေတဲ့ အာဏာရူးနအဖကို တိုက်ထုတ်ကြပြီး ကျွန်တော်တို့  ရဲ့  ပြည်ထောင်စုကြီးကို ခိုင်ခိုင်မြဲမြဲ တည်ဆောက်ကြပါစို့ ။


“ပြည်ထောင်စု ဖြိုခွဲသူ ဒို့ ရန်သူ”။ “ဘုံရန်သူ နအဖကို ချေမှုန်းကြ”။



သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ