AWU ၏ လုပ်ငန်းစဉ်အချို့

Sunday, March 21, 2010

အဖသာရှိခဲ့ရင်.......



အဖသာရှိခဲ့ရင်.......

အဖဗိုလ်ချုပ်မွေးနေ. ဖေဖော်ဝါရီ ၁၃၊ ၁၉၁၅ ခုနှစ်၊ အခုဆိုရင် ဗိုလ်ချုပ်သာ အသက်ထင်ရှားရှိရင်....... လွတ်လပ်ရေးရဲ. ဖခင်ကြီး၊တိုင်းပြည်ကြီးရဲ. ဗိသုကာ၊ ဗမာ့တပ်မတော်ကြီးရဲ. ကာကွယ်ရေးဦးစီးချုပ်၊ အတ္တအကျိုးတွေပယ်ဖျောက် တိုင်းသူပြည်သားများ အကျိုးကိုယ်သာ ထာဝရရှေးရှု ကျောင်းသားခေါင်းဆောင်ဘ၀မှ ဗိုလ်ချုပ်အောင်ဆန်းဘ၀အထိ ပေးဆပ်ခဲ့၊


အခုတော့ အဖဗိုလ်ချုပ်ရေ
အဖရဲ. သားကြီး အောင်ဆန်းဦးလဲ အရှုးဖြစ်၊သမီးဖြစ်သူ အောင်ဆန်းစုကြည်လဲ အင်းယား ကန်စောင်း အိမ်ပျက်ထဲက အကျဉ်းသားပါ၊ အဖတည်ထောင်သွားတဲ့စစ်တပ်က သံဃာတွေ သတ်ဖြတ်လို. သာသနာလဲပျက်ပါပြီ၊


အဖဗိုလ်ချုပ်
စစ်တပ်၊စစ်သားဆိုရင် ပြည်သူကရွံ.၊သံဃာက စွန်.၊နိုင်ငံတကာက ဂွတ်ဘိုင်တဲ့၊



အဖအောင်ဆန်း
တိုင်းပြည်လွတ်လပ်ရေးအတွက် နယ်ချဲ.ကိုတော်လှန်ရသလိုပဲ.. တိုင်းသူပြည်သားတွေ လွတ်လပ်ဖို. အဖသမီးလဲ တိုက်ပွဲထဲမှာပါ၊


ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း
နယ်ချဲ.တော်လှန်ရင်း အောင်ဆန်း B.A လို.ဖြစ်လာခဲ့၊ ကိုအောင်ဆန်းတက်တဲ့ ရန်ကုန်တက္ကသိုလ်လဲ အလင်းပျောက် ကျောင်းသားတွေ အဖလို B.A မရောက်၊ ထောင်ထဲမှာ ပေါက်ဖွား အမှောင်အမိုက်ဖုံးတဲ့ ဗမာပြည်၊အခုတော့ ကိုအောင်ဆန်းရေ ကျောင်းသားခေါင်းတွေလဲ ထောင်ထဲ ပြည်သူတွေလဲ ဖောင်တွဲပြီး ရေစုံမျှောလို. အဖပြောသလိုဗမာနိုင်ငံဟာ ဖာနိုင်ငံဖြစ်ပြီ၊

အဖတည်ထောင်သွားတဲ့ စစ်တပ်ကြီးက သံဃာတွေကို စော်ကား ပြည်သူတွေကို မတော်မတရားလုပ်ကြတာ
အဖသာရှိခဲ့ရင်......


ဗိုလ်ချုပ်အောင်ဆန်း မွေးနေ. အမှတ်တရ ဘုန်းဘုန်းစံ ...အမေရိက ashincandobhasacara@gmail.com

ဗိုလ်ချုပ်အောင်ဆန်း ဘ၀ပုံရိပ် ဓာတ်ပုံများနှင့် ဗိုလ်ချုပ်အကြောင်း ရေးထားတဲ့ စာအုပ် PDF့  အင်တာနက်ကရှာပြီး ထည့်ပေးလိုက်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေ ဗိုလ်ချုပ်အကြောင်းကို သိအောင် ဖတ်ကြပါ၊၊



သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ