AWU ၏ လုပ်ငန်းစဉ်အချို့

Friday, April 9, 2010

မလေးရှားရောက် ရခိုင်လူငယ် တဦး ဓာတ်လိုက် သေဆုံး


ခိုင်ခိုင်စံ(နိရဉ္စရာ)
မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံရှိ ဂျိုဟိုးဘာရူးမြို့ တွင် တရားဝင် သွားရောက် အလုပ် လုပ်ကိုင်နေသော ရခိုင် လူငယ် တဦးသည် ဧပြီလ ၃ ရက်နေ့က ကာရန်း လျှော့ဖြစ်ကာ ဓာတ်လိုက် သေဆုံး သွားကြောင်း နိရဉ္စရာက သတင်း ရရှိသည်။

သေဆုံးသွားသူမှာ ကိုမောင်မြင့်စိုး (၃၀နှစ်)ဖြစ်ပြီး ရခိုင်ပြည်နယ် ရသေ့တောင်မြို့ နယ် မယူကမ်း ကုလားချောင်း ကျေးရွာမှ ဖြစ်သည်။

သေဆုံးသွားသူ အစ်ကိုဖြစ်သူ ကိုစိုးအောင်က ကိုမောင်မြှင့်စိုး သေဆုံးသွားပုံကို ယခုကဲ့သို့ ပြောသည်။

“ကျွန်တော် ညီလေးဟာ အဲဒီနေ့ က စက်ရုံက အလုပ်လုပ်ပြီးတော့ အိမ်ကို ပြန်လာတယ်။ အိမ်ကို ရောက်တော့ ရေချိုးခန်းမှာ ရေ၀င်ချိုးတယ်။ ရေချိုးခန်းထဲမှာဘဲ ကာရန်း လျှော့လိုက်ဖြစ်ပြီး ဓာတ်လိုက် သေဆုံးသွားခဲ့ပါတယ်။ ဆေးရုံကို ချက်ချင်း ယူဆောင်ပေမယ့် သူကို မကယ်နိုင်တော့ ပါဘူး။ ”

သူကို ချက်ချင်း ဂျိုဟိုးဘာရူးမြို ဆေးရုံကို ယူဆောင်သွားခဲ့သော်လည်း သူမှာ အိမ်မှာကတည်းက သေဆုံးသွားခဲ့ဖြစ်ကြောင်း သိရသည်။

သူ၏ ညီဖြစ်သူ ကိုစိုးလင်းထွန်းကလည်း သူအစ်ကို သေဆုံးသွားသဖြင့် အထူး ၀မ်းနည်းကြောင်းကို ယခုကဲသို့ ပြောသည်။

“ ကိုမောင်မြင့်စိုးက ကျွန်တော် အထက်က ဖြစ်ပါတယ်။ ကျွန်တော်တို့ ညီအစ်ကို သုံးယောက် စလုံးက မလေးမှာ လာပြီး အလုပ် လုပ်နေကြတာပါ။ သူသေသွားတာကိုသာ အမေသာကြားရင် အရူးတပိုင်း ဖြစ်သွား နိုင်ပါတယ်။”

ကိုမောင်မြင့်စိုး၏ မိခင်မှာ ဒေါ်စောမြ ဖြစ်ပြီး ကုလားချောင်းကျေးရွာတွင် နေထိုင်နေသည်ဟု သိရသည်။

သူသေဆုံးမူအတွက် အလုပ်ရှင်ထံမှ လျော်ကြေး တောင်းထားသော်လည်း ယခုအချိန်ထိ တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။



သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ