AWU ၏ လုပ်ငန်းစဉ်အချို့
Friday, April 9, 2010
အေအိုင်အို ဥက္ကဌဟောင်း ထွန်းရွှေမောင် ကွယ်လွန်
ရခိုင် ပြည်လွတ်လပ်ရေး အဖွဲ့ အေအိုင်အိုကို ဦးဆောင် တည်ထောင်ခဲ့သူ ဦးထွန်းရွှေမောင်သည် မတ်လ ၁၄ ရက်နေ့က စစ်တွေတွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သူ၏ လုပ်ဖေါ်ကိုင်ဘက် တဦးက ပြောသည်။
"ကားက စုစုပေါင်း သုံးလေးငါးစီး၊ လူအနည်းအကျဉ်းနဲ့ သူရဲ့ လုပ်ဖေါ်ကိုင်ဘက်တွေက မတ်လ ၁၅ ရက်နေ့မှာ သွားရောက်သဂြိုင်္လ်ခဲ့ကြပါတယ်။ ဘာဘဲ ဖြစ်ဖြစ် သူ့ခေတ် သူ့အခါက ရခိုင်ပြည် လွတ်လပ်ရေးအတွက် ကြိုးစား ဆောင်ရွက်ခဲ့သူ တဦးဖြစ်တဲ့အတွက် သူ့ အသုဘကို နောက်ဆုံး အနေနဲ့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ၀ိုင်းဝန်း ဆောင်ရွက်ပေးခဲ့ပါတယ်။"
ဦးထွန်းရွေမောင်သည် ၁၉၇၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသား အများအပြားဖြင့် ရခိုင်ပြည် လွတ်လပ်ရေး အဖွဲ့ AIO ကို ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဌာနချုပ်တွင် တည်ထောင်ခဲ့သည်။
၎င်းနောက်ပိုင်း ရခိုင်လွတ်လပ်ရေး တပ်မတော် AIA ကို ဖွဲ့စည်းတည်ထောင်ပြီး လူအင်အား လက်နက်အင်အား ၁၀၀ ကျော်ဖြင့် ကချင်ပြည်နယ်မှ ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့လာပြီး ရခိုင်ပြည် လွတ်လပ်ရေးကို ကျောက်တော်နယ်တွင် အခြေစိုက်ပြီး စတင် လူပ်ရှားခဲ့သည်။
၁၉၇၈-၇၉ နှစ်အတွင်းက နေ၀င်း အစိုးရ၏ မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် တော်လှန်ရေး အဖွဲ့များကို ပြုလုပ်သော ဖြတ်လေးဖြတ် စစ်ဆင်ရေး အတွင်း ဦးထွန်းရွှေမောင်သည် သူ၏ တပ်ဖွဲ့ဝင်များနှင့် အတူ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ တိမ်းရှောင်လာခဲ့သည်။
ကွယ်လွန်သွားပြီဖြစ်သော ရခိုင်တော်လှန်ရေး ခေါင်းဆောင် ဦးကျော်လိုင်နှင့် ကိုစောထွန်း၊ လက်ရှိ ရခိုင်ပြည် အမျိုးသားညီညွတ်ရေးပါတီ ( ၂ ) ဥက္ကဌ ဒေါက်တာ ခင်မောင်တို့မှာ AIO ပါတီဝင်များ ဖြစ်ကြသည်။
၁၉၈၄ ခုနှစ်အတွင်း AIO အတွင်း ပုန်ကန်မူ ဖြစ်ပွားခဲ့ပြီး ဦးထွန်းရွှေမောင် ပစ်ခတ်ခံခဲ့ရကာ ဒဏ်ရာနှင့် အတူ ဗိုလ်နေ၀င်း ဦးဆောင်သော မဆလ အစိုးရထံ လက်နက်ချ သွားခဲ့သည်။
(နိရဉ္စရာ)
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊