AWU ၏ လုပ်ငန်းစဉ်အချို့

Friday, April 30, 2010

ထိုင်း-မြန်မာ နယ်စပ်တွင် စိတ်ကြွဆေး ၂ သိန်း ဖမ်းမိ

E-mail Print
မူးယစ်ဆေး သယ်ဆောင်လာ သူများနှင့် ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မူးယစ်ဆေး သယ်ဆောင်သူ ၃ ဦး သေဆုံးပြီး စိတ်ကြွဆေး ၂ သိန်း ဖမ်းဆီး မိခဲ့သည် ဟု ထိုင်းစစ်တပ် သတင်းရပ်ကွက်မှ သိရသည်။

တိုက်ပွဲအပြီး သိမ်းဆည်းရမိသည့် လက်နက်နှင့် မူးယစ်ဆေးများ (ဓာတ်ပုံ - thairath.co.th)
ထိုင်းစစ်တပ်က သတင်းအရ ချင်းမိုင် ခရိုင် မယ့်အိုင် မြို့နယ်အတွင်း စောင့်ဆိုင်း ခဲ့သည်ဟု ဆိုသည်။

“နယ်စပ် ဒေသမှာ မူးယစ်ဆေး မှောင်ခို ကူးတာက အခုဆိုရင် အရမ်း များလာတယ်။ ဒီထက် ပိုပြီး များလာမှာကို ကျနော်တို့ စိုးရိမ် နေကြတယ်” ဟု ချင်းမိုင် အခြေစိုက် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ ညွှန်ကြားရေးမှူး ဖွန်ထစ်အင်ပရာဖိုင်က ဧရာဝတီသို့ ပြောသည်။

နယ်စပ်ဒေသ တရားမ၀င် မူးယစ်ဆေး လုပ်ကိုင်သူ များထဲတွင် ၀၊ လားဟူ၊ လီဆူး စသည့် တိုင်းရင်းသား လူမျိုးစု မူးယစ်ဆေး ကုန်ကူးသူများ ပါဝင်နေသည်ဟု သူက ပြောသည်။

မူးယစ်ဆေးထုတ်လုပ်မှုတွင် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား သူပုန် အဖွဲ့ တချို့ ပါဝင် နေကြောင်း  သိရှိရသည်။

ပြီးခဲ့သည့် လဆန်းပိုင်းကလည်း မူးယစ်ဆေး သယ်ဆောင်သည့် အဖွဲ့တဖွဲ့နှင့် နယ်စပ်ဒေသတွင် တိုက်ပွဲ ဖြစ်ပွား အပြီး စိတ်ကြွဆေးပြား ၆၅၀ ၀၀၀ ဖမ်းဆီး မိကြောင်း ထိုင်းစစ်တပ်က ကြေညာခဲ့သည်။ မူးယစ်ဆေး သယ်ဆောင်သူများသည် ၀ လက်နက်ကိုင် အဖွဲ့ဝင်များ ဖြစ်နိုင်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ထိုစဉ်က ဖော်ပြခဲ့သည်။
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ