AWU ၏ လုပ်ငန်းစဉ်အချို့

Friday, April 30, 2010

ကြံ့ဖွံ့ပါတီ တရားဝင် မဲဆွယ်ပြီ


စိုးမိုး/ ၃၀ ဧပြီ ၂ဝ၁ဝ
line
 
နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းလိုက်သော ကြံ့ဖွံ့က ရန်ကုန်မြို့ကို ကွန်ကရစ်လမ်းခင်းပေးမည်ဟု တရားဝင် မဲဆွယ်စည်းရုံးလိုက်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ယမန်နေ့က တရားဝင် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းလိုက်ပြီးနောက် ချက်ချင်းပင် ကြံ့ဖွံ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သိန်းစိန် တဖြစ်လဲ ဦးသိန်းစိန်က ရန်ကုန်မြို့တော်ကို ကွန်ကရစ်လမ်းများအဖြစ် တည်ဆောက်ပေးမည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။

“ယမန်နေ့က ဖွင့်လှစ်လိုက်သည့် ဘိလပ်မြေစက်ရုံမှ ထုတ်လုပ်သည့် ဘိလပ်မြေဖြင့် ရန်ကုန်မြို့ရှိလမ်းများအား ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်” ဟု စစ်အစိုးရ အာဘော် နိုင်ငံပိုင်သတင်းစာများတွင် ယနေ့ဖော်ပြသည်။
မန္တလေးတိုင်း သာစည်မြို့နယ် ပြည်ညောင်ကျေးရွာတွင် တရုတ် အကူအညီဖြင့် တည်ဆောက်သည့် အဆိုပါ ဘိလပ်မြေစက်ရုံကို ယမန်နေ့က နအဖ၀န်ကြီးချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် ဦးသိန်းစိန်နှင့် စက်မှု (၁) ၀န်ကြီး၊ ကြံ့ဖွံ့ပါတီအမှုဆောင် ဦးအောင်သောင်း၊ ရန်ကုန်မြို့တော်ဝန်၊ ကြံ့ဖွံ့ပါတီ ရန်ကုန်တိုင်း တာဝန်ခံ ဦးအောင်သိန်းလင်းတို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ယင်း ဘိလပ်မြေစက်ရုံမှာ ရန်ကုန်မြို့တော် စည်ပင်သာယာပိုင်ဟု သတင်းတွင် ဖော်ပြသော်လည်း ကြံ့ဖွံ့အသင်း ရန်ကုန်တိုင်း တာဝန်ခံ ဗိုလ်မှူးချုပ် အောင်သိန်းလင်းမှ ယခု ဦးအောင်သိန်းလင်းအဖြစ် ပြောင်းလဲလိုက်သည့် ရန်ကုန်မြို့တော်ဝန်က ရန်ကုန်မြို့တော်စည်ပင် လုပ်ငန်းများအဖြစ် ကြေညာကာ ကြံ့ဖွံ့လုပ်ငန်းများအဖြစ် လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး အင်ဂျင်နီယာတဦးက ဆိုသည်။
“စည်ပင်လုပ်ငန်းဆို ပြောထားပေမယ့် အုတ်စက်ရုံရှိတယ်။ နောက် ဆေးရုံဆောက်နေတာ ရှိတယ်။ ရန်ကုန်မှာ စည်ပင် ပိုက်ဆံနဲ့ လမ်းပြင် တံတားဆောက် အကုန်လုံးကို ကြံ့ဖွံ့နာမည် တပ်တယ်ဗျာ။ ၂၀၀၈ လောက်ကတည်းက ဒီ စည်ပင် ရေပိုက်လိုင်း ပြင်ပေးတာကစ ကြံ့ဖွံ့အသင်းဝင် အဆိုပြုလွှာ ဘယ်လောက်ကောက်ပေးရမယ်ဆိုတာမျိုးတွေ လုပ်နေတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ဗိုလ်ချုပ်မှူးကြီး စောမောင်ကို အာဏာဖြုတ်ချပြီး စစ်ခေါင်းဆောင်ဖြစ်လာသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၁၉၉၃ စက်တင်ဘာတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
မြန်မာတနိုင်ငံလုံးရှိ မြို့နယ်ပေါင်း (၃၂၅) မြို့နယ်အနက် မြို့နယ် (၃၂၀) တွင် မြို့နယ် ကျေးရွာ အသင်းခွဲများအထိ ဖွင့်လှစ်ပြီး သက်ဆိုင်ရာဒေသတွင် စီးပွားရေး လုပ်ကိုင်ခွင့်များ၊ လေလံလုပ်ကွက်များ၊ ငွေချေးလုပ်ငန်းများကို နှစ်ရှည်လများ လုပ်ကိုင်နေသည့် အဖွဲ့အဖြစ် လူသိများသည်။
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ