AWU ၏ လုပ်ငန်းစဉ်အချို့

Friday, April 30, 2010

ဝန်ကြီးချုပ် ဦးသိန်းစိန် ဘိလပ်မြေစက်ရုံသစ် ဖွင့်လှစ်

မျိုးချစ်သူ/ ၃၀ ဧပြီ ၂ဝ၁ဝ

line
 

စစ်ဘက်ရာထူးမှ အရပ်ဘက်ပြောင်းလိုက်သော ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့်အဖွဲ့က မန္တလေးတိုင်း သာစည်မြို့နယ်အတွင်း ရန်ကုန်စည်ပင်က တည်ဆောက်ထားသော တနေ့လျှင် တန် (၅၀၀) ကျ ဘိလပ်မြေစက်ရုံကို ဧပြီ (၂၉) ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း ရန်ကုန်စည်ပင်အရာထမ်းတဦးက ပြောသည်။
ယခင် နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ပြီးခဲ့သော ဧပြီ (၂၆) ရက်တွင် စစ်ဘက်ရာထူးမှ အရပ်ဘက်သို့ ပြောင်းပြီးသည့်နောက် ပထမဆုံးအကြိမ်အဖြစ် ယခုကဲ့သို့ ဖွင့်ပွဲကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
ဘိလပ်မြေစက်ရုံဖွင့်ပွဲသို့ တက်ရောက်သော ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့်အတူ အရပ်ဘက်ပြောင်းထားသော စွမ်းအင်ဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးတို့ အပါအ၀င် အခြားဝန်ကြီး (၆) ဦးလည်း ပါဝင်ကြောင်း ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာတဦးက ပြောသည်။
၎င်းက “ဦးသိန်းစိန်အပါအ၀င် အရပ်ဘက်ပြောင်းတဲ့ ၀န်ကြီးတွေပါတယ်။ စုစုပေါင်း သူနဲ့ (၇) ယောက်ပေါ့။ သူတို့က ရွေးကောက်ပွဲဝင်ကြမှာ သေချာတယ်။ ဘယ်လို ပုံစံမျိုးနဲ့ ပါဝင်ကြမလဲ ဆိုတာကိုတော့ ကျနော်တို့လည်း အသေအချာ မသိသေးဘူး။ ဒါပေမယ့် ကြံ့ဖွံ့အနေနဲ့ပဲ ပါဝင်ကြမှာပါ” ဟု ပြောသည်။
အဆိုပါ ဘိလပ်မြေစက်ရုံကို ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်ကပင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်ရုံအတွက် စုစုပေါင်း ကုန်ကျငွေမှာ မြန်မာကျပ် (၁၃) ဘီလီယံနီးပါးနှင့် ယူရို ငွေ (၇) သန်းနီးပါးခန့် ကုန်ကျခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ အရာရှိတဦးက ပြောသည်။
“ဒီဘိလပ်မြေစက်ရုံဟာ ရန်ကုန်စည်ပင်က ပိုင်တာဖြစ်တယ်။ လက်ရှိမှာတော့ မြို့တော်ဝန်ပေါ့။ သူက နိုင်ငံရေးဘက်ကို ပြောင်းမှာဆိုတော့ ဘယ်လို စီမံမလဲဆိုတာ မသိရသေးဘူး။ စက်ရုံက ရာနှုန်းပြည့်မပြီးသေးဘူး။ တနေ့ကို တန် (၅၀၀) ကျဆိုပေမယ့် စက်တွေက တရုတ်ကဆိုတော့ တန် (၅၀၀) မကျနိုင်ဘူး ဖြစ်နေတယ်။ ကုမ္ပဏီနဲ့ ပြန်ပြီးတော့ညှိရဦးမယ်။ ဘယ်လို ကွာလတီ ရှိတဲ့ ဘိလပ်မြေမျိုး ဖြစ်လာမယ်ဆိုတာလည်း မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ