AWU ၏ လုပ်ငန်းစဉ်အချို့

Wednesday, May 5, 2010

နိုင်ငံရေးပါတီသစ်အဖြစ် အဖွဲ့ပေါင်း (၃၀) လျှောက်ထား

NEJ / may/ 5/ 2010

နအဖစစ်အစိုးရက ယခုနှစ်အတွင်းပြုလုပ်မည့် ရွေးကောက်ပွဲသို့ ၀င်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီတည်ထောင်ရန် လျှောက်ထားသူများမှာ မေလ (၄) ရက်နေ့အထိ အဖွဲ့ပေါင်း (၃၀) ရှိပြီဖြစ်သည်။
အဆိုပါ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့ (၃၀) အနက် (၂၄) ဖွဲ့ကို ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုလိုက်ပြီးဖြစ်သည်။
ထို့အပြင် တည်ရှိဆဲ နိုင်ငံရေးပါတီ (၅) ခုက ပါတီ ဆက်လက်တည်ထောင်ခွင့် လျှောက်ထားခဲ့ရာ ပါတီ (၃) ခုအား ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည်။

အဆိုပါ ဆက်လက်မှတ်ပုံတင်ခွင့်ရသည့်ပါတီ (၃) ခုမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မြို ခေါ် ခမိအမျိုးသားညီညွတ်ရေးအဖွဲ့နှင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်သည်။
ကျန်ပါတီ (၂) ခုဖြစ်သည့် ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်နှင့် ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီတို့မှာ ယမန်နေ့အထိ မှတ်ပုံတင်ခွင့်ပြုသည့်ပါတီစာရင်းတွင် မပါရှိသေးပေ။
ပြီးခဲ့သည့် ဧပြီလအတွင်း နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ရန်လျှောက်ထားခဲ့သည့် ပါတီသစ်များအနက် ဒေါက်တာမနမ်တူးဂျာ ခေါင်းဆောင်သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်မြောက်ပိုင်းတိုးတက်ရေးပါတီတို့မှာ ပါတီတည်ထောင်ခွင့်မရရှိသေးပေ။
မနက်ဖြန် မေ (၆) ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ကုန်ဆုံးမည်ဖြစ်သည်။
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ