လေးဝတီမက ကျယ် ၀န်း
ဇမ္ဗူဒီပါလက်ယာတောင်ကျွန်းဝယ်
ရက္ခမဏ္ဍိုင်ပြည်ရခိုင်မှာ
စဉ်လာပေါ်ထွန်း
မြံမြတ်သီလဥပုဒ်ဆောက်တည်
ရာဇနီဝန်းထွန်းပတင့်တယ်။
ကျွန်းတွင်ဇမ္ဗူ၊ လူတွင်ရခိုင်
ကြိုင်ဘိသတင်း၊ ကင်းသည့်အပြစ်
ချစ်သည့်အမျိုး၊ကြိုးသည့်လုံး
မြတ်ဇာကနှင့်
ထွန်းပနတ်လူ၊ ချစ်ာကည်ဖြူသည်
မော်ကွန်းကျောက်စာတင်ထားပါ၏။
သို့ပါသော်လည်း
နောင်လာနောင်သား၊ ရခိုင်သားမှာ
လိမ္မာမြင်ပျင်း၊ ဆင်းရဲအားရ
ကြွယ်ဝမနာလို၊ ကိုယ့်ထက်သာမကြိုက်
အမိုက်တရားဤ လေးပါးကြောင့်
ရခိုင်မျိုးမှာတိမ်ကောလာသည်။
အမျိုးမချစ်၊ စရိုက်ဆိုးနှင့်
မောက်မာစိတ်ထား၊ ဖောက်ပျက်အကျင့်
မျိုးမစောင့်ရို့ကကြီးစိုးကာလ
ဤခေတ်ခါမှာ
ရခိုင်ဟူသည်
သောက်စားမူးယစ်၊ အပျော်ကြိုက်လို့
အမိုက်တရားလက်ကိုင်ထားကာ
ပြစ်မှားအမျိုး၊ ကိုယ်ကျိုးငဲ့ကွက်
ကိုယ်အတွက်ဆိုဇာသူပင်သီသီ
ငရဲမကြောက် တရားမစောင့်
ချင့်တွက်ထိုခါ
အရိုးဇာခါတွန်ဖို့လဲ။
(ခိုင်မင်းညို)